Part 10

4K 360 37
                                    

Unicode

ဘားထဲသို့ ဝင်လာတော့ သီချင်းသံက တစ်ငြိမ့်ငြိမ့်။ အရင်ဆုံး ထိုသူမကို ရှာလိုက်တော့ ကနေတာကို တွေ့လိုက်ရပြီး လျစ်လျူရှုကာ သောက်ရန်ထိုင်လိုက်သည်။

တစ်နေလုံး စခန်းနဲ့ ကုမ္ပဏီကို ပြေးလွှားရင်း လူပင်ပန်းရသလို ညရောက်ရင် ဟိုတစ်ယောက်ကြောင့် စိတ်က မပျော်ချင်ဖြစ်သည်။ အဲ့တာမို့ကြောင့် ပင်ပန်းမှုတွေ နည်းနည်းပျောက်စေရန် ဘားကိုလာခဲ့တာဖြစ်သည်။

ဘရန်ဒီတစ်ခွက်ကို မှာလိုက်ပြီး ဇိမ်ပြေနပြေထိုင်သောက်နေကာ အနားသို့တိုးကပ်လာသည့် ရေမွှေးနံ့ကြောင့် ခေါင်းက နှောက်သွားပင်မဲ့ Hanna မှန်းသိလို့ လှည့်တုံ့ပြန်မနေကာ ဘရန်ဒီခွက်ကို လှည့်ကိုင်နေသည်။

"Henry..."

"စိတ်ရူပ်တယ်..."

"ကျွန်မနဲ့လိုက်ခဲ့မလား...ရေချိုးလိုက်မလား Henry...ကျွန်မလည်း လုပ်ပေးချင်စိတ်ရှိလို့ပါ...ပင်ပန်းနေတာဘဲ"

သူမ စကားအပေါ် မတုံ့ပြန်ဘဲ ကြည့်လာသည်။ မနေတတ်စွာဖြင့် ခေါင်းငုံ့မိလိုက်သည်။ သီချင်းသံတွေကြား လူတွေရဲ့ စကားသံတွေ။

အသုံးမဝင် နားမထောင်သင့်တဲ့ စကားလုံးတစ်ချို့။ Henry က သူမရဲ့ စပွန်ဆာတဲ့။ အဲ့လိုသဘောမဟုတ်ပင်မဲ့ သူမကို Henry က တစ်လျှောက်လုံး စောင့်ရှောက်ပေးခဲ့တာ။ သူတို့ထင်သလို Henry နဲ့ သူမ အဲ့လိုပတ်သတ်မှုမျိုးမဟုတ်ပင်။

"အားနာလိုက်တာ Henry"

"ဟုတ်မှမဟုတ်တာ...မဟုတ်ဘူးလို့ ဖြေရှင်းလည်း သူတို့က ယုံမှာလည်း မဟုတ်ဘူး...ကိုယ့်ဘဝကို လုပ်စရာရှိတာ လုပ်သွားတာ အကောင်းဆုံးတစ်ခုဘဲ...ရေချိုးမယ် Hanna"

"ဟုတ်ပြီနော် ကျွန်မ အဆင်သင့်ရေစပ်ပေးထားမယ်...အလုပ်လည်းမရှိတော့တာမို့ အေးဆေးနေလို့ရပါတယ် Henry"

"စောစောပြန်ရမှာ....ခနဘဲ..."

Jeon Henry ကပြောပြီး ရှေ့ကနေ ထွက်သွားတော့ နောက်ကနေ တွေဝေစွာဖြင့် လိုက်လာသည်။ အရင်ဆို တစ်ခါတစ်လေ တစ်ညလုံး သူမစီမှာ သူမ အိပ်ရာပေါ်မှာ အိပ်တတ်တာမလား။ စောပြန်တယ်ဆိုတာ မရှိသလို မိုးလင်းမှသာ ပြန်တတ်တဲ့သူက ထူးဆန်းစွာဖြင့် ကြိုပြောလာတာက စောပြန်မှာတဲ့။

Hate YouWhere stories live. Discover now