Part 37

2.1K 236 11
                                    

Unicode

ခပ်နွေးနွေးလေးနဲအတူနှိုးထလာမိသည်။ ပြီးတော့ အရမ်းပင်ပန်းနေတယ်။ ပိုးသတ်ဆေးနံ့တွေ ရနေတာမို့ ဘယ်နေရာရောက်နေလဲဆိုတာ Taehyung သိလိုက်ပြီ။ တစ်ကိုယ်လည်း ကိုင်ရိုက်ခံထားရသလို နာနေသည်မို့ နေရခက်သည်။

ထရန်ပြင်လိုက်တော့ လက်ကိုဆုပ်ကိုင်ခံထားရသည်။ ပြီးတော့ Taehyung ကိုစိုက်ကြည့်နေတာမို့ သူ့ကိုကြည့်ရင်း Taehyung ကြောင်အသွားရင်း။ မနေ့က အဝတ်အစားတောင်မလဲရသေးဘဲ သူ့ပုံစံက ဖရိုဖရဲနဲ့ မအိပ်ရသေးတာလည်း သိသာသည်။ 

"Jeon Henry"

"မသက်မသာဖြစ်နေသေးလား...ကိုယ်ဆရာဝန်ခေါ်ပေးမယ်...ပြီးရင်မင်းဆေးချိတ်ထားတာ ဆေးကုန်ရင်တော့ ကိုယ်ဖြုတ်ပေးပါ့မယ်"

"ငါဘာမှမဖြစ်တော့ပါဘူး...Jeon Henry"

သူ့ရဲ့ပါးလေးကို Taehyung အုပ်ကိုင်လိုက်မိသည်။ လက်ဖဝါးလေးက အနွေးဓာတ်လေးကြောင့် မျက်လုံးကိုမှိတ်မိလျက်။ 

"မင်း...တစ်ရေးမှ မအိပ်ရသေးဘူးမလား..."

"သိသာနေလား..."

"အရမ်းဘဲ..."

Taehyung ရဲ့လက်လေးကို သူ့လက်က အုပ်ကိုင်လာသည်။ Jeon Henry ကိုကြည့်ရတာ သိပ်ကို စိတ်ညစ်နေမှန်းသိသာနေပြီး Taehyung က သူ့ကြောင့်ဆိုတာ ရိပ်မိပြီးသားပင်။ ပြီးတော့ ဖြစ်ခဲ့သမျှလည်း မှတ်မိနေတာဖြစ်သည်။ 

"တကယ်တော့ မင်းညက တစ်ညလုံး ပြန်ဖျားနေခဲ့တာ...ဆရာဝန်လည်းခနခနလာပင်မဲ့ မင်းမသက်သာခဲ့ဘူး...မိုးလင်းခန်နီးမှ အဖျားကျသွားတာ..."

"မင်း ဂရုစိုက်ပေးခဲ့တာဘဲမလား...အဲ့တာမို့ကြောင့် ငါသက်သာနေပါပြီ"

"ကိုယ်စိတ်သက်သာအောင် မင်းပြောနေတာမလား...ကိုယ်ကြောက်နေခဲ့တာ.."

Taehyung ဆက်မပြောမိဘဲ သူ့ဆံပင် နားလေးတွေကို သပ်ကိုင်မိရင်း သူပြောလာမယ့်စကားဆက်ကို စောင့်နေမိသည်။ 

"မင်းပျောက်သွားတုံးက ကိုယ်ကြောက်နေခဲ့တာ...ပြန်တွေ့တော့လည်း ကြောက်စိတ်မပြေခဲ့ဘူး..."

"တောင်းပန်ပါတယ်...စိတ်ပူစေခဲ့မိလို့..."

သူက  သက်ပြင်းရှိုက်သည်။ အမြဲတမ်း စစနောက်နောက်နေတတ်သည့် သူက အခုလိုမျိုးဖြစ်တော့ Taehyungနေရခက်သည်။ 

Hate YouWhere stories live. Discover now