Part 18

3.7K 315 70
                                    

Unicode

နှုံးချိနေသည့် ခန္ဓာကိုယ်။ ထိုးကိုက်နေသည့် ခေါင်းကြောင့် တော်တော်နှင့် မျက်လုံးမဖွင့်နိုင်ဘဲ မျက်မှောင်ကြုတ်လျက်ဖြင့်။  လူးလိမ့်နေရင်းမှ ရုန်းထွက်ဖို့ပြင်လိုက်ပင်မဲ့ တစ်စုံတစ်ယောက်ရဲ့ တင်းကျပ်ဖက်သွယ်ထားမှုကို ခံထားရသည်။

"အစောကြီးရှိသေးတာ...ပြန်အိပ်....နော်..."

ကျောပြင်ကို ပွတ်သပ်ပုတ်သပ်မှုလေးကြောင့် မျက်လုံးဟာလည်းမဖွင့်နိုင်သလို တစ်ခနအတွင်း ရုန်းထွက်ဖို့ပြင်ရန်မှ ပြန်၍ Jeon Henry ရဲ့ ရင်ခွင်နွေးနွေးထဲတွင် ပြန်၍ အိပ်ပျော်သွားခဲ့ပြန်ပေသည်။

နောက်တစ်ခေါက်ပြန်နိုးလာတော့ ဒီတစ်ခါတွင် ခေါင်းက သိပ်မကိုက်တော့ဘဲ ခန္ဓာကိုယ်သာ နှုံးချိနေကာ မျက်ဝန်းကို ခပ်ဖြည်းဖြည်းဖွင့်လိုက်တော့ လင်းထိန်နေသည့် အခန်းဝယ်။

ပြန့်ကျဲနေသည့် စောင်ပုံကြားထဲနေ ကြောင်ဖြူလေးပမာ ကွေးနေသည့်ခန္ဓာကိုယ်လေးဟာ နိုးထလာသည်။ 

ထိုအခါ တစ်ယောက်တည်းဖြစ်နေလျက် ရင်ခွင်ကျယ်တစ်ခုဟာလည်းပျောက်ရှနေလျက်ရှိသေးသည်။ 

ထထိုင်ရန်ကြိုးစားလိုက်ပင်မဲ့ ခါးအောက်ပိုင်းက နာကျင်မှု။ မျက်နှာလေးဟာလည်းနာကျင်မှုကြောင့် ရှုံ့မဲ့သွားလျက်ဖြင့်။ 

ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစားမပါပင်မဲ့ သန့်ရှင်းနေလျက်လည်းရှိသေးသည်။ တစ်ရိပ်ရိပ်ပြန်တွေးမိသည့် ညကမှတ်ဉာဏ်တွေ။ ရှက်ရွံ့မှုနဲ့အတူ မျက်ရည်စလေးတွေ ဝိုင်းလာလျက် ငိုချင်စိတ်ကိုလည်း ထိန်းထားနေမိသည်။ 

အိပ်ရာပေါ်က ထလိုက်ပင်မဲ့ နာကျင်မှုကြောင့် တစ်ဖန်အိပ်ရာပေါ်သို့ ပက်လက်လှန်ကျသွားလျက်ဖြင့်။ 

အောက်နှုတ်ခမ်းကို နာကျင်မှုကြောင့် ကိုက်လျက်မိသား။ တစ်ကိုယ်လုံး ပူထူနေပြီး အနည်းငယ် ထိုးကိုက်နေသည့် ခေါင်းကြောင့် ဖျားနေပြီဆိုတာ သိလိုက်ရသည်။ 

ခြောက်ကပ်နေသည့်လည်ပင်း။ နှုတ်ခမ်းလေးတွေဟာလည်း အဖျားရှိန်ကြောင့် ခြောက်ကပ်နေလျက်ရှိသည်။ 

Hate YouWhere stories live. Discover now