Part 11

3.9K 333 27
                                    

Unicode

နောက်ဆုံး Jeon Henry နဲ့အတူ ပန်းခြံမှာ ကျင်းပနေသည့် ညစာစားပွဲသို့ရောက်သွားတော့သည်။ လူချမ်းသာအသိုင်းအဝိုင်းကြီးကြားထဲသို့ ပြန်ရောက်သလိုဖြစ်သွားသည်နှင့် ခံစားရတာနေလို့မကောင်းပေ။

အပါးကြောင့် စီးပွားရေးတွေ ကျဆင်းပြီး အကုန်ခက်ခဲလာခဲ့တာ။ 

"ကိုယ့်လက်ကိုတွဲထား...ပြီးရင် ခေါင်းကိုမော့ထား..."

"ဘာလို့လဲ"

"မင်းက ဒီပွဲရဲ့ အချမ်းသာဆုံးလူရဲ့ အပိုင်ဖြစ်လို့ဘဲ...သူတို့တွေသာမင်းကိုခေါင်းငုံ့ရမယ်...မင်းက ခေါင်းငုံ့စရာမလိုဘူး...ကိုယ်ပြောတာ နားလည်သလား"

"မလုပ်နိုင်ဘူး...မင်းကြောင့်ငါဒီလိုမလုပ်နိုင်ဘူး...ငါ့အခြေအနေအစစ်အမှန်အတိုင်းဘဲနေမယ်..."

"Kim Taehyung တို့က မာနသိပ်ကြီးနေတတ်တုံးဘဲ...ကိုယ်ကလည်း အဲ့ဒီမာနကို သိပ်ခြွေချင်တာ...အဲ့လိုဖြစ်အောင်လည်း လုပ်မှာ"

နောက်ဆုံး ဘာမှလည်းဆက်ပြောချင်စိတ်မရှိတော့တာမို့ ဆုပ်ကိုင်ထားသည့်လက်ကိုဖြုတ်ပစ်ကာ ထိုနေရာမှ Taehyung သည် ထွက်သွားသည်။ ဝိတ်တာဗန်းထဲက ဝိုင်ခပ်ပြင်းပြင်းတစ်ခွက်ကို ကောက်ယူလိုက်ကာ Jeon Henry ကို ပြန်လှည့်ကြည့်လျက် တစ်ကြိတ်တည်း ပူရှရှခံစားချက်ကို ရလိုက်ခြင်းနဲ့အတူ မော့သောက်ပြလိုက်ကာ နောက်ထပ်တစ်ခွက်ကို လှမ်းကြည့်လိုက်သည်။

Jeon Henry ဟာ Taehyung ကိုကြည့်လျက် တွန့်ကွေးသွားသည့် နှုတ်ခမ်းပါးတွေ။

Taehyung သည် ရှေ့က ပုံရိပ်ကို လျစ်လျူရှုလျက် မကြိုက်သည့် ပြင်းရှရှအရသာကို ဘာလို့သောက်မိမှန်းလည်း မသိသလိုမိနစ်အနည်းငယ်အကြာတွင် ပန်းခြံတွင်း တစ်ချက်တစ်ချက် ဖြတ်တိုက်သွားသည့် လေစိမ်းလေးကြောင့်ကော ဝိုင်အရှိန်ကြောင့်မှာမျက်နှာလေးဟာ နီပန်းလာလျက် မူးရိပ်သန်းလာသည်။

နောက်ထပ် လေးခွက်မြောက်ကို လှမ်းကိုင်တော့ လက်သွယ်သွယ်လေးကို ချုပ်ကိုင်လာသည့် တက်တူးတွေနဲ့ လက်။နွေးထွေးတယ်...ဘယ်သူလဲဆိုတာ သိသည်မို့ ရုန်းထွက်လိုက်တော့ လွှတ်ပေးလာသည်။

Hate YouWhere stories live. Discover now