Part 20

3.4K 371 121
                                    

Unicode

ဒီနေ့ဟာ သတင်းကြီးတစ်ခုလုံးတွင် 'J Vance Group'ရဲ့ သတင်းစာရှင်းလင်းပွဲကြောင့် ဆူညံနေကာရှိပြီး ကုမ္ပဏီရဲ့ခန်းမထဲတွင် သတင်းထောက်များစွာရှိနေကာ ထိုထဲမှာမှ အဓိက မင်းသားဖြစ်သည့် J Vance ရဲ့ အမွေဆက်ခံသူ ဖြစ်သူကို မေးခွန်းများစွာမေးရန်အတွက် စောင့်ဆိုင်းနေကြတာဖြစ်ပေသည်။ 

"ငါမလိုက်ဘူးနော် Jeon Henry"

"မင်းကိုယ့်ကိုပြောပြီးသား...ကိုယ်ဖြေရှင်းဖို့အတွက် မင်းလည်းရှိဖို့လိုတယ်မလား"

နားနေခန်းထဲတွင် နှစ်ယောက်လုံးရှိနေကာ ခန်းမထဲကို သွားဖို့အတွက် ညှိလို့မရဖြစ်နေခြင်းကြောင့် အချိန်ကြာနေခြင်းဖြစ်သည်။ 

Jeon Henry ကရှပ်အပြည့်ဝတ်ထားပင်မဲ့ Taehyung မှာ ဖဲသားအဖြူရောင်လေးကို အနက်ရောင်စတိုင်ဘောင်းဘီလေးဖြင့် တွဲဝတ်ထားလျက်ရှိကာ ပုလဲဆွဲကြိုးလေးကိုလည်း ဆွဲထားသေးသည်။ ဆံပင်အဝါရောင်လေးဟာ အနည်းငယ်ရူပ်ပွပွရှိနေပင်မဲ့ တမင်ထိုပုံစံဖြစ်အောင်လုပ်ထားမှန်းလည်း သိသာနေသေးပြီး ယခုသူတို့နှစ်ယောက်ပုံစံက သိပ်ကိုလိုက်ဖက်နေကာ ချစ်သူနှစ်ယောက် ချစ်ရန်စကားများနေသလိုမျိုးနှင့် တူနေသေးသည်။ 

"မင်းအဲ့သတင်းကို ငြင်းဖို့အတွက် ငါ့ကိုတောင်မလိုပါဘူး Jeon Henry..."

"ကိုယ်တစ်ယောက်တည်း ငြင်းတော့ကော ပါပါရာဇီတွေက ယုံမှာတဲ့လား...ဘယ်လိုဘဲဖြစ်ဖြစ် သတင်းရဲ့ခေါင်းစဉ်ကို Baba ကောင်းကောင်းဖတ်ခဲ့တာဘဲလေ"

"အနည်းဆုံးတော့ တကယ်မှမဟုတ်တာ...ငြင်းလို့ရတာကို ဘာလို့ကတ်သီးကတ်ဖဲ့နိုင်နေရတာလဲ Jeon Jungkook"

"Jeon Jungkook ခေါ်လိုက် Jeon Henry ခေါ်လိုက်နဲ့ မင်းကိုယ့်ကို မင်းယောက်ျားလို့ ထင်နေတာလား"

"Jeon Henry!!!!"

"ဗျာ..."

ချွဲသလို ပြန်ထူးတာမို့ ဘာမှဆက်မပြောဘဲ မျက်မှောင်ကြုတ်ကာဖြင့် ကြည့်လိုက်သည်။ 

တကယ်ကိုအချိုးမပြေတဲ့ကောင်။ လုပ်ချင်ရာတွေလုပ်ပြီး စိတ်ကြိုက်အနိုင်ကျင့်နေသေးတာ။ 

Hate YouWhere stories live. Discover now