Part 15

4K 318 69
                                    

Unicode

Jeon Henry က အလုပ်သွားသည်မို့ အိမ်ကြီးထဲတွင် အလုပ်သမားတစ်ချို့နဲ့ Taehyung သာ ကျန်နေခဲ့နေကာ ခြံတံခါးကြီးကိုလည်းပိတ်ထားသည်မို့ ခြံထဲနှင့် အိမ်ထဲက လွှဲ၍ Taehyung မည်သည့်နေရာမှ သွားလို့မရပေ။

ခိုးထွက်ဖို့ကလည်း ဓာတ်လိုက်ခံရကတည်းက သိပ်ကိုကြောက်သွားတာဖြစ်သလို ဘယ်လိုဘဲပြောပြော မတော်တဆဆိုတာ ရှိသည်မို့ ခိုးပြီးထွက်ပြေးဖို့မတွေးရဲတော့တာဖြစ်သည်။

ခြံထဲထွက်လိုက်ရင်နောက်ကနေ အစောင့်တစ်ယောက်က ပါတတ်သည်မို့ သိပ်ကို စိတ်ရူပ်မိတတ်သည်။ ဒါပေမဲ့ Jeon Henry နဲ့လည်း ဘာမှမပိုတွေ သိပ်ပြောချင်စိတ်မရှိသည်မို့ တော်တော်တန်တန်ဆို နှုတ်ပိတ်ကာဖြင့် Jeon Henry  လုပ်သမျှကိုသာ အမြင်ကတ်ကတ်ဖြင့် ထိုင်ကြည့်နေမိတော့တာဘဲ။

ခြံအနောက်ဘက်ကို ဦးတည်လိုက်တော့ ပန်းတွေပြည့်နှက်နေခြင်းနဲ့အတူ ရေကန်သေးသေးတစ်ခုဟာလည်းရှိနေလေပြီး အနီးကပ်သို့ တိုးသွားကြည့်မိသည်။

ကြည်စမ့်နေသည့် ရေလေးထဲမှာ ငါးလေးတွေ ပုစွန်လေးတွေက ဖြတ်ပြေးကာဖြင့် ရှိနေလျက်ရှိကာ တကယ်ကို လူကိုယ်တိုင်ဖန်တီးထားသည့်နေရာတစ်ခုဖြစ်သည်။

ပုစွန်တွေဟာ အကြီးကြီးဖြစ်ကြပြီး ငါးလေးတွေဟာလည်း သိပ်လှသည့် စားငါးတစ်မျိုးထဲကပင်။

ခေါင်းထဲအလုံးလိုက် အရင်းလိုက် ဝင်လာသည့် အတွေးကြောင့် Taehyung သည် ပြုံးလိုက်မိသည်။

"မင်းတို့သူဌေးက ကျွန်တော်ဘာပြောပြော လက်ခံစေတယ်မလား...ကျွန်တော့်စကားက မင်းတို့အပေါ် သက်ရောက်နိုင်သလား"

"သူဌေးက အမိန့်ပေးထားပါတယ်...အကိုလေးဘာခိုင်းခိုင်း ဘာပြောပြော ကျွန်တော်တို့ဘက်က လုပ်ပေးဖို့အဆင်သင့်ဖြစ်နေရမှာပါ...အပြင်ထွက်ဖို့တောင်းဆိုတာကလွှဲရင်ပါ"

"စိတ်မပူပါနဲ့...ကျွန်တော်မင်းကိုအခက်တွေ့စေမယ့်အရာ မခိုင်းပါဘူး... ကျွန်တော့်ကို အဲ့ကန်ထဲက ပုစွန်တွေကို ဖမ်းပေး"

"ဗျာ...ဒါက...မဖြစ်နိုင်ပါဘူး သူဌေးကိုယ်တိုင်မွေးထားတာမို့ ဖမ်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

Hate YouWhere stories live. Discover now