Part 39

3.2K 300 11
                                    

Unicode

မာမီစီက ပြန်လာကတည်းက နှစ်ယောက်သား ငြိမ်နေတော့တာဖြစ်သည်။ အခုဆို Jeon Henry လည်း ဒေါသပြေလောက်ရောပေါ့။ ဒါပေမဲ့ စိတ်မကြည်နေမှာလည်း ဆိုးမိတာမို့ Taehyung ဘက်က ဘာမှတော့မပြောဖြစ်ပေ။ 

လက်ကို ဆုပ်ကိုင်ထားတာလည်း မလွှတ်ပေးတာက တစ်လျှောက်လုံးပါဘဲ။

အခန်းထဲရောက်တော့ Taehyung ကို ကုတင်စပ်တွေ ထိုင်စေသည်။ 

"ခနဆေးသောက်ချိန်ရောက်တော့မှာ Jeon Henry.."

မျက်လုံးလှန်ကြည့်လာသည်။ ဘာမှတော့ဆက်မပြောသေးပေ။ 

"မင်းငါ့ကို ဆေးတိုက်မှာမလား..."

"အင်း.."

ရေချိုးခန်းထဲသို့ ဝင်သွားသည်။ စိတ်ဆိုးနေတာလား စိတ်မကောင်းဖြစ်နေတာလား မသဲကွဲဘူး။ ဒါမှမဟုတ် ဒေါသမပြေသေးတာများလားဆိုသည့် အတွေးကလည်းရှိသေးသည်။ 

ထို့နောက် ရေနွေးနွေးလေးထည့်လာသည့် ရေဇလုံးသေးလေးကို Taehyung ရဲ့ ခြေထောက်နားတွင်ချပေးလာရင်း ဖိနပ်ကို ချွတ်ပေးလာသည်။

Taehyung က ဖိနပ်စီးရင် ခြေထောက်အရမ်းနာတတ်လို့ ခြေဖနှောင့်လေးကိုတောင် ထုတ်စီးတတ်သည်။ အခုလည်းအဲ့လိုစီးထားပင်မဲ့ခြေချောင်းတွေကတော့နာနေသည်။

ဖိနပ်ချွတ်လိုက်တော့ ခြေထောက်လေးက ခပ်ရဲရဲဖြစ်နေသည်။ 

"ငါ့ကိုယ်ငါလုပ်လိုက်ပါ့မယ် Jeon Henry..မင်းပင်ပန်းနေတယ်မလား ရေအရင်ချိုးလိုက်လေ..."

"မင်းကို ဆေးတိုက်ပြီးမှ ကိုယ်လုပ်စရာရှိတာဆက်လုပ်မှာမို့"

ခြေထောက်လေးကို ရေနွေးနွေးလေးတွင် စိမ်စေပြီး Jeon Henry က ပွတ်သပ်ကာနှိပ်လည်းနှိပ်ပေးလာသည်။ 

"သက်သာလား Jeon Baba"

"အင်း...နာတာလည်း သက်သွားသွားသလို နေရလည်း ကောင်းသွားတယ်..."

ထို့နောက် မိနစ်အနည်းငယ်အကြာတွင် ခြေထောက်လေးတွေကို အဝတ်ဖြင့် သုတ်ပေးလာရင်း ပြီးဆုံးသွားသည်။

"ညစာလုပ်ခိုင်းထားတာ...ညစာစားရအောင်...ပြီးရင်ဆေးသောက်ပြီး အိပ်ရေးဝဝအိပ်ခိုင်းထားတာမို့ စော‌စောအိပ်ရမယ်"

Hate YouTempat cerita menjadi hidup. Temukan sekarang