Part 41

3K 320 19
                                    

Unicode

ညဆိုပင်မဲ့ ခြံကြီးတစ်ခုလုံးတွင် လင်းထိန်နေကာ လူကုံထန်တစ်ချို့နဲ့ရှိနေပြီး ပွဲက တင့်တယ်နေသည်။ ထိုလူများကလည်း မင်္ဂလာဖိတ်စာကို သီးသန့်ရသူများသာဖြစ်သည်။ 

မီဒီယာများကိုလည်း လာခွင့်မပေးထားသည်မို့ ခြံပတ်ပတ်လည်နဲ့ ပွဲပတ်ပတ်လည်မှာလည်း လုံခြုံရေးအစောင့်များနဲ့ ပြည့်နှက်နေသေးသည်။ 

Jeon Henry က ပွဲအတွင်းထဲက သူ့ဧည့်သည်များကို လိုက်နှုတ်ဆက်ပေးနေတာဖြစ်ပင်မဲ့....

အခုထက်ထိ ပြင်ဆင်ထားပင်မဲ့အဝတ်အစားမလဲရသေးတာက Taehyung ပင်။ 

မှန်တင်ခုံရှေ့မှာ ထိုင်နေရင်း ဝတ်ရမည့်အဝတ်အစားကို စောင့်နေတာ။ အခုထက်ထိ မလာသေးတာမို့ Jeon Henry က ဘာဖြစ်စေချင်တာလဲ။ပြီးတော့ လာလည်းမတွေ့ဘူး။ 

"ဝင်ခွင့်ပြုပါအကိုလေး..."

"ဝင်ခဲ့ပါ..."

လူသုံးယောက်က ဝင်လာသည်။ မမြင်ဖူးတာမို့ သူတို့ဝင်လာသည်နှင့် မတ်တပ်ထရပ်ကြည့်လိုက်တော့ အလည်ထဲမှာ တွေ့လိုက်ရသည့် ဝတ်စုံ။ ပိတ်ထားသည်မို့သေချာတော့ မမြင်ရသေးပေ။

"ကျွန်တော်တို့က ဒီဝတ်စုံကို ဖန်တီးထားတဲ့ ဒီဇိုင်းနာတွေပါ...ပြီးတော့ ဒါက သီးသန့် ဖန်တီးထားပြီး တစ်ခုဘဲရှိတာဖြစ်ပါတယ်...အဆင်သင့်ဖြစ်ပြီဆို ပြင်ဆင်ကြတော့မလား။"

Taehyung ပြုံးကာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ဝတ်စုံကို ထုတ်လိုက်တော့ ရင်သပ်ရှူမောစွာဖြင့်။

"လှလိုက်တာ...ကျွန်တော့်အတွက် သီးသန့် မင်္ဂလာဝတ်စုံပေါ့။"

"ဟုတ်ပါတယ်။"

ခေါင်းငြိမ့်ပြလိုက်တော့ သုံးယောက်လုံးက ကျွန်တော့်ကို ပြင်ဆင်ပေးတော့သည်။ ထို့နောက် ပြီးသည်နှင့် ဆံပင်ကို သေချာပြန်လုပ်ပေးကာ လည်ပင်း၌ တန်ဖိုးကြီးလွန်းသည့် အင်္ကျီနှင့် တွဲထားသည့် ပုလဲဆွဲကြိုးလေးကို ဝတ်ပေးလာသည်။

"ပြီးပြည့်စုံတဲ့ ဒီညရဲ့ သတို့သားလေးဘဲ။"

ကိုယ့်ဘာသာကို မှန်ထဲမှာ ပြန်ကြည့်ရင်း သဘောတကျရယ်လိုက်သည်။  

Hate You (Completed) Where stories live. Discover now