Unicode
အသက်ရှူတွေမြန်ဆန်နေကာ ရှေ့က လူကိုကြည့်ရင်း ခေါင်းခါလိုက်သည်။
သူက ရှေ့သို့လာတော့ နောက်သို့ဆုတ်လိုက်တော့ နံရံနဲ့ကျောပြင်ကပ်လိုက်ဖြစ်သွားသည်။ ကြောက်အောင်လုပ်နေတာ။ ပြီးတော့ Jeon Henry ကလည်း လုံးဝမလာသေးတာ။ ဒီလူနဲ့မျက်နှာချင်းမဆိုင်ချင်တာလည်း ပါမည်။
ပြီးတော့ အမြဲကျွန်တော့်ကို အခက်တွေ့အောင်လုပ်တတ်ပြီး ရွေးချယ်စရာခက်အောင် လုပ်တတ်သည်။
"သူလာတော့မှာ.."
"အဲ့တော့..."
"ကိုကိုနဲ့သူ့ကို မတွေ့စေချင်ဘူး...သူ့ကိုအခက်တွေ့စေအောင် ကိုကိုကလုပ်မှာ..."
"မင်းကိုယ့်အကြောင်းသိသေးရဲ့နဲ့ ထွက်ပြေးနေတာကို ကိုယ်စိတ်ဆိုးနေသင့်တယ်မလား...မင်းအဖေစီနေမယ်ဆိုလို့ ခွင့်ပြုထားတာလေ...အခုတော့ ဗြောင်ဆန်းအောင်လုပ်ထားတာ...အဲ့ကောင်က ငယ်ငယ်တုံးက မင်းနောက်ကိုလိုက်တဲ့ကလေးမလား...ဒီလောက်လုပ်ထားတာကို ဇွဲမလျော့ခဲ့ဘူးဘဲ..."
"ကျွန်တော်အဲ့တုံးက ကိုကိုနေခိုင်းသလို နေခဲ့တာဘဲ...အခုဒီတိုင်းထားလိုက်လို့မရဘူးလား...Jeon Henry က ငယ်ငယ်ကတည်းက ကျွန်တော့်ကြောင့် နာကျင်ခဲ့တာ...သူကျွန်တော့်ကိုချစ်တယ်"
"ကိုယ်ကမှမင်းကိုချစ်တာ...ချစ်လို့ဘဲ ငယ်ငယ်ကတည်းက သူ့ထက်မင်းအနားမှာ ကိုယ်ကပိုရှိခဲ့တယ်မလား"
လက်ကိုထိတွေ့လာတော့ ရုန်းဖယ်လိုက်သည်။ တကယ်ကိုမကြိုက်ဘူး။ နေရခက်တယ်...စိတ်ထဲပူလောင်တယ်။
"ကိုကိုက မာမီနဲ့လက်ထပ်ထားတာလေ...ကျွန်တော့်ကို အခက်တွေ့အောင်တွေထပ်မလုပ်ပါနဲ့..."
"မင်းအမေကို လက်ထပ်ထားတာ မင်းကြောင့်လေ...ဘာလို့အဲ့တာဘဲအမြဲပြောနေတာလဲ...ကိုယ်မကြိုက်ဘူးနော်"
နားကိုထိကိုင်လာတော့ ပုခုံးလေးကိုတွန့်လျက် ခေါင်းလေးကို စောင်းကာ မကြိုက်ကြောင်းပြတော့လည်း သူမမူပါ။ အမြဲတမ်း ကျွန်တော့်အပေါ်ကို မာမီ့နောက်ကွယ်တွင် ပိုင်စိုးပိုင်နင်းသိပ်ဆန်သည်။ ဒါဟာလည်း ကျွန်တော်ငယ်ငယ်ကတည်းကပင်။