Part 29

3.2K 288 32
                                    

Unicode

မိုးတိတ်သွားပင်မဲ့ ချမ်းစိမ့်စိမ့်အရသာတော့ ထင်ကျန်နေစဲပင်။ 

မိုးလင်စပြုလာပြီဆိုပင်မဲ့ နေမထွက်သလို မိုးက အုံ့မှိုင်းမှိုင်းကာ ရှိနေစဲ။ အေးစိမ့်ကာ ချမ်းနေခြင်းကြောင့် Taehyung က သူ့ကို ဖက်ထားသည့် ရင်ခွင်ကျယ်ထဲကို ပို၍တိုးဝင်ကာ အနွေးဓာတ်ကို ပိုယူသည်။ 

ပိုတိုးကာ ဖက်ရင်း ဖက်ရင်း ခါးသေးသေးလေးပေါ်မှာ အပြည့်နေရာယူထားသည့် တက်တူးအပြည့်လက်တစ်ဖက်ဟာလည်း ပိုကာ တင်းကျပ်လာလျက်ရှိကာ အနွေးဓာတ်ဟာ သူတို့နှစ်ယောက်ကြားတွင် နေရခက်စွာ ကူးလူးသည်။ 

မိုးမရွာတော့ပင်မဲ့ သူတို့ကြားက တိတ်ဆိတ်မှုနဲ့အတူ ရေစက်ကျသံလေးတွေက သံစဉ်တစ်ခုလို။ မျက်ဝန်းလေးတွေကို မှိတ်ထားပင်မဲ့ နှစ်ယောက်လုံးနှိုးနေပြီဆိုတာ သိသာနေသေးသည်။ 

ခြေသလုံးသွယ်သွယ်နွေးနွေးလေးကို Jeon Henry သည် သူ့ရဲ့ခြေထောက်ဖြင့် ပွတ်သပ်လျက်ကာ ရှိနေသည်။ 

ခပ်ဖြည်းဖြည်းလေး ပွင့်လာသည့် Taehyung ရဲ့ မျက်ဝန်းလေး။ မှန်ထက်က စီးကျနေသည့် ရေစက်လေးတွေကို ငေးကြည့်လိုက်ကာ မြင်နေရသည့်ကောင်းကင်ကြီးကိုကြည့်သည်။ 

ခန္ဓာကိုယ်တစ်ခုလုံးဟာ နှုံးချိနေပင်မဲ့ ခံစားချက်ကတော့ ကောင်းမွန်နေသည်။ 

တစ်ဖန် တစ်ဖက်က သူ့ကို ဖက်ထားသည့် အမျိုးသားရဲ့မျက်နှာကို ငေးမောကြည့်လိုက်သည်။ 

လက်ချောင်းသွယ်သွယ်လေးဟာ Jeon Henry ရဲ့ မျက်နှာထက် ပါးပြင်လေးကို ပွတ်သပ်ကာ ရှိလျက် ကြည့်သည်။ လက်က နာရီကိုကြည့်လိုက်တော့ ၉နာရီထိုးလုနီးပါး။ မိုးအုံ့နေတာမို့ စောသေးတယ်လို့ စိတ်ကထင်နေရတာဖြစ်သည်။ 

နာရီကို တစ်ချက်ကြည့်ပြီး ကုတင်ထက်မှ ထထိုင်လိုက်တော့ စပ်ဖျင်းဖျင်းခံစားချက်နဲ့အတူ တစ်ကိုယ်လုံးက ကိုက်ခဲနေသေးသည်။ မိုးအုံ့တော့ ပိုဆိုးကာ ပိုနာသည်။ 

ကုတင်ခြေရင်းက ရှပ်အင်္ကျီအဖြူအကြီးကိုယူကာ ဝတ်လိုက်တော့ Taehyung ရဲ့ ခန္ဓာကိုယ်ရဲ့ ပေါင်အထိအုပ်ကျသွားသည်။ သူ့အင်္ကျဘဲ။

Hate YouWhere stories live. Discover now