Unicode
နောက်ဆုံး မရမက ဆေးလိမ်းပေးလိုက်ပြီးပြီနှင့် ငိုလိုက်လွန်းလို့ မောမောပန်းပန်း အိပ်ပျော်သွားခဲ့တာဖြစ်သည်။
မာမီက ပြန်ရောက်တော့ အကျိုးအကြောင်းလာမေးသည်။ ဘယ်လိုဘဲပြောပြော ဒေါသစိတ်ဟာလည်းလုံးဝမပြေသေးဘဲ အဲ့ခြေထောက်ရဲရဲလေးကို မြင်တာနဲ့ အကုန်လုံးကို ဖျက်စီးပစ်ချင်စိတ်က အလုံးအရင်းဝင်ရောက်လာတတ်သည်။
အိပ်နေသည့် ခန္ဓာကိုယ်လေးကို ငေးကြည့်မိရင်း ဒေါသစိတ်တွေကို ချုပ်တည်းမိထားရသည်။ ဒီကောင်က ဘယ်လောက်တောင်ယုယထားရသလဲ။ ဒါကို လက်လွှတ်စပယ်ဖြစ်ပြီးအပူလောင်တယ်။
ဆေးထပ်လိမ်းရန်လိုတာမို့ ခြေထောက်လေးကို ညင်ညင်သာသာလေး ကောက်ကိုင်လိုက်ကာ အသာအယာလေးဖြင့် နူးနူးညံ့ညံ့လေး ရဲနေသည့် နေရာလေးကို ဆေးလိမ်းပေးလိုက်သည်။ စပ်ဖျင်းဖျင်းခံစားရတယ် ထင်ရသည်။ တစ်ချက်တစ်ချက် အိပ်နေရင်းမှတွန့်သွားတတ်သေးသည်။
ဖုန်းလာခြင်းကြောင့် Taehyung ကို ဂရုစိုက်နေခြင်းမှ ကြည့်လိုက်တော့ ဟိုကောင် Han ဖြစ်နေသည်။ စိတ်ကိုလျော့ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။
"ပြော"
"မနက်ဖြန် ငါတို့နှစ်တွဲ ညစာ ထွက်စားကြမလား...ပြီးတော့ ငါ့မိန်းမကလည်း သူ့နမောနမဲ့ကြောင့် Taehyung ကိုထိခိုက်သွားတာ စိတ်ရင်းနဲ့သူတောင်းပန်ချင်နေတယ်"
"အဲ့တော့...မင်းပြောချင်တာက..."
"ဆိုင်ကို မင်းတို့စိတ်တိုင်းကျရွေး...Taehyung ကိုခေါ်လာခဲ့ပါ...ငါလည်းဆေးထပ်ပေးစရာရှိလို့...မင်းသဘောတူလား Hanry "
"သေချာတောင်းပန်နိုင်လား မင်းတာဝန်ယူလား Han...သူထိခိုက်သွားတာ...သူနာသွားတာ...အဲ့အတွက် ငါနာတယ်...မင်းတာဝန်ယူလား"
"Hanna ကိုယ်တိုင်သေချာတောင်းပန်မှာမို့ ငါအပြည့်အဝတာဝန်ယူတယ်"
"အင်း...ဟုတ်ပြီ"
ဖုန်းချလိုက်ကာ အောက်ထပ်သို့ဆင်းလာတော့ မာမီက မအိပ်သေးပေ။
အိမ်ပြန်ဖို့ကလည်း ညဉ့်နှက်နေပြီဖြစ်သလို ဟိုတစ်ယောက်ကို နေမကောင်းဘဲနဲ့ ပြီးစလွယ်မခေါ်သွားချင်တာမို့ ထပ်ပြီးနှစ်ယောက်လုံး ဒီအိမ်ကြီးမှာဘဲ တစ်ညလား နှစ်ညလား ထပ်ကုန်ဖို့ဖြစ်လာပြန်သည်။