Part 16

3.5K 321 21
                                    

Unicode

"Kim Taehyung အခုမင်းရဲ့ အဲ့ဒီပါးက ကိုယ့်ကြောင့် သွေးတွေ ထွက်တော့မှာဘဲ....သေချာပေါက် ကိုယ်ကိုက်ချင်လာလို့"

Jeon Henry ရဲ့ စကားကြောင့် အလန့်တကြားကြည့်လိုက်မိသည်။ 

ဘယ်လိုဘဲပြောပြော သူငယ်ချင်းက နမ်းသည်ဆိုတာက သိပ်ထူးဆန်းတာမှ မဟုတ်တာ။ ပြီးတော့ Grey က နိုင်ငံခြားသားတစ်ယောက်။ သူတို့အနောက်တိုင်းမှာက နမ်းပြီးနှုတ်ဆက်တာက အလေ့အကျင့်တစ်ခုလိုဘဲလေ။ 

ပြီးတော့ ရိုးရိုးသားသား ပါးကို နမ်းသွားတဲ့ကိစ္စ Jeon Henry စိတ်တိုစရာအကြောင်းမှ မရှိတာကို။

မိုးတွေချိန်းနေကာ အုံ့မှိုင်းမှိုင်းဖြင့်။ ရန်ဖြစ်ချင်စိတ်လည်း မရှိသည်မို့ ပြန်မတုံ့ပြန်တော့ဘဲ ကားမှန်ဘက်ကိုသာ မျက်နှာမူထားမိလျက် Jeon Henry ကိုလျစ်လျူရှုမိသည်။

"ကိုယ့်ကို အရေးလုပ်စမ်း...ဘယ်လောက်စိတ်တိုနေလဲ မင်းသိလား"

"အဲ့တာ ငါ့အပြစ်လား... ငါ့ကိုလွှမ်းမိုးဖို့ မကြိုးစားနဲ့ Jeon Henry မင်းအရိပ်အောက်မှာ နေချင်လို့နေ'နေတာမဟုတ်ဘူး...မင်းကိုယ်တိုင် ငါ့ကို အတင်းအကျပ်ခေါ်ထားတာဆိုတာ မင်းအသိဘဲ"

"မင်းက ထွက်ပြေးချင်နေရင်တောင် ရအောင်လိုက်အုံးမှာမို့ အဲ့စကားကို ထပ်မထွက်နဲ့"

"မင်းက ရဲမလုပ်ဘဲနဲ့ ပြန်ပေးဆွဲသမားလုပ်ရမှာ...အဲ့တာမင်းနဲ့ လိုက်ဖက်တယ်...ငါ့ကို ထပ်မပြောနဲ့...ငါတကယ်စိတ်ဆိုးမိတော့မှာ Jeon Henry"

"မပြောတော့ဘူး...အလုပ်နဲ့ သက်သေပြရမှာပေါ့...မဟုတ်ဘူးလား Jeon Taehyung"

ရာရာစစ မျိုးရိုးနာမည်ကိုတောင် ပြောင်းခေါ်သည်အထိ Jeon Henry က သိပ်ကို ရမ်းကားသည်။ အံကြိတ်မိကာဖြင့် မျက်မှောင်ကြုတ်ကာဖြင့် Jeon Henry ကို စူးစူးရဲရဲ စိုက်ကြည့်မိတော့ Taehyung ကို ကားမောင်းရင်းမှ ပြန်ကြည့်လာသေးသည်။

"မျက်လွှာကို အခုချက်ချင်းချလိုက်စမ်း...သေချာပေါက် ကိုယ်မင်းကို နာအောင်လုပ်မိလိမ့်မယ်"

မျက်လွှာချမိကာဖြင့် Jeon Henry ကိုလျစ်လျူရှုမိတော့တာပင်။ ဘယ်လိုဘဲပြောပြော ကိုယ်ကရှက်တတ်သူမို့ ရှောင်သည်။

Hate YouWhere stories live. Discover now