Part 23

3K 318 49
                                    

Unicode

Jeon Henry အလုပ်သွားတော့ တစ်အိမ်လုံးတွင် တိတ်ဆိတ်စွာဖြင့် ။ 

အန်တီက အလုပ်သမားတွေကို စီမံပြီးတာနဲ့ ကုမ္ပဏီကို သွားလိုက်တာဖြစ်သည်။ Jeon Henry ကကုမ္ပဏီကိုအရင်မသွားဘဲ စခန်းကို အရင်သွားလိုက်သည်ကို သိလိုက်ရသည်မို့။ 

ခြံထဲသို့ ဆင်းလာတော့ တိတ်ဆိတ်နေလျက်။ Jeon Henry တို့အိမ်က တစ်ခုကောင်းတာက အလုပ်သမားနဲ့အစောင့်ကို အများကြီးမထားတတ်ပေ။ အန်တီဆိုလည်း အိမ်သန့်ရှင်းတစ်ချို့ကိုလည်း အလုပ်သမားနဲ့အတူတူ ဝင်လုပ်တတ်ပြီး မီးဖိုခန်းဆိုလည်း မအားတဲ့အချိန်ကလွှဲရင် ကိုယ်တိုင်ဝင်လုပ်ကြတာများသည်။

Jeon Henry တစ်ယောက်တည်း ငပျင်းကောင်။

ခြံတစ်ခုလုံး ပန်းမျိုးစုံကို ဝေ့သီကာ စိုက်ပျိုးထားခြင်းကို ငေးကြည့်ရင်း ပြုံးလိုက်မိသည်။ 

ထို့နောက် ခြံတံခါးနားတွင် ရှိနေသည့် အရိပ်တစ်ခုကြောင့်  Taehyung သည် မျက်မှောင်ကြုတ်မိလျက်သားဖြင့်။ 

"အပါး"

ရပ်နေသည်က တစ်ခြားသူမဟုတ်ဘဲ Taehyung ရဲ့ အပါးဖြစ်နေသည်။ 

ခြံတံခါးရဲ့လျို့ဝှက်ကုတ်ကို သိသည်မို့ အမြန်ရိုက်ထည့်လိုက်ကာ အပြင်သို့ ထွက်လိုက်ပြီး လွမ်းနေသည့်အပါးကို ပွေ့ဖက်လိုက်သည်။

"Taehyung..."

"ဘာ...ဘာလို့ ကျွန်တော့်ကို ထားခဲ့တာလဲ"

"မဟုတ်ဘူး..သားကိုထားခဲ့တာမဟုတ်ပါဘူး...အခုအပါးပြန်လာခေါ်ပြီလေ..."

အပါးကို ငိုမိရင်း ဖက်ထားမိကာ အပါးက Taehyung ရဲ့ ကျောပြင်လေးကို တစ်ဖက် ခေါင်းလေးကို တစ်ဖက် ပွတ်သပ်ကာဖြင့် ချော့မြူးသည်။ 

"ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားပေးပါ...အပါး"

"အင်း...အင်း...အပါးတို့ ဒယ်ဂူပြန်ကြမယ်နော်...ဒီတိုင်းထားခဲ့မိတာ အပါးတောင်းပန်ပါတယ်"

ဖက်ထားရင်းမှ လွှတ်လိုက်ကာ ခေါင်းကိုတစ်ဆတ်ဆတ် ငြိမ့်ပြရင်း မျက်ရည်တွေကို သုတ်သည်။ 

Hate YouWhere stories live. Discover now