Part 1

9.6K 525 95
                                    

Unicode

အဲ့နေ့က ပထမဆုံးတွေ့ခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင် မိုးတွေဟာလည်း သည်းကြီးမကြီး ရွာနေခဲ့ပြန်တယ်။

ပထမဆုံး ရင်ဘတ်ထဲက ထိတ်ခနဲ ဒိတ်ခနဲ သိမ့်ခနဲ ခံစားလိုက်ရပြီး ထီးလေးကိုကိုင်ကာ မိုးရေထဲမှာ ရပ်နေခဲ့တာ။

အကုန်လုံးက မိုးတွေရွာချလာလို့ အပြိုင်အဆိုင်ပြေးရင်း ကျောင်းဆောင်ထဲခိုဝင်ကြပင်မဲ့ မျက်စိရှေ့က ပုံရိပ်ကလေးကတော့ ဆန့်ကျင်ဘက်ပါဘဲ။

လက်ထဲမှာ ကိုင်ထားတဲ့ ထီးတောင်မြေကြီးပေါ်တွင် ကျသွားတဲ့အထိ Jungkook ဟာငေးမောနေခဲ့တာ။

မိုးရေထဲတွင် Taehyung ဟာ စိုစွတ်စေပြီး မျက်နှာကိုမော့လျက် ကောင်းကင်ထက်ကို မျက်နှာမူကာ မိုးရေထဲတွင် ရပ်နေလေသည်။ 

ကျောင်းဝတ်စုံလေးဟာ မိုးရေစက်တွေ ခစားသွားလျက်။

အချစ်ကို 16နှစ်မှာ ခံစားလာရတယ်။ ဒါဟာလည်း ယောကျာ်းလေးတစ်ယောက်အပေါ်မှာ။

မိုးရေတွေကို မနာလိုမိသည်အထိ ရှေ့ကပုံရိပ်လေးကို သတိလွတ်စွာ ငေးကြည့်ခဲ့မိတာ။

မိုးရေစက်တွေရှိနေသည့် မျက်နှာလေးကို သပ်ကာ Taehyung က ရပ်ကြည့်နေသည့် Jungkook ကိုကြည့်လာသည်။ ထို့နောက် ကိုယ့်လမ်းကို သွားသည့်အတိုင်း Taehyung ဟာ Jungkook ဘေးနားကနေ ကပ်လျက် ထွက်သွားလေသည်။

မွှေးတယ်။ အနံ့လေးက မွှေးလွန်းတယ်။ မိုးရေတွေကြောင့် အနံ့လေးက ပို၍ သင်းပြန့်နေသည်သလား။ ဖမ်းဆုပ်လို့မရပင်မဲ့ မျက်ဝန်းကို မှိတ်လိုက်ကာ တစ်ခနအတွင်းလေးဘဲရလိုက်သည့် ကိုယ်သင်းနံ့လေးကို ဖမ်းဆုပ်မိတော့တာဘဲ။

ထွက်သွားသည့် ကျောပြင်လေးကို ငေးကြည့်နေမိလျက် ပြုံးလိုက်မိတော့တာဘဲ။

ဆယ်ကျော်သက် 16 နှစ်မှာ လူတိုင်းဟာ မေ့လို့မရသည့် အချစ်တစ်ခုကို တွေ့ရှိခဲ့သလို 

အသက် 16 နှစ်သာရှိသေးသည့် Jungkook ဟာလည်း Taehyung ကို တွေ့ရှိခဲ့လေသည်။

နောက်နေ့တွေကစပြီး Jungkook ဟာ Taehyung  နောက်တစ်ကောက်ကောက် လိုက်တော့တာဘဲ။

Hate You (Completed) Where stories live. Discover now