Part 36

2K 262 18
                                    

Unicode

Taehyung ရဲ့ဖုန်းကို လုံးဝဆက်လို့မရသည်မို့ Jeon Henry တော်တော်ဒေါသထွက်လာနေမိပြီ။ ခေါ်သွားတဲ့ Hanna ကိုဖုန်းဆက်မေးတော့လည်း လိမ်နေမှန်းသိသာနေတယ်ဆိုပင်မဲ့ ဘယ်လိုမှအဖြေတစ်ခုကိုမရတာမို့ Jeon Henry စိတ်ထိန်းထားရသည်။

KNS ထဲကိုအရင်ဆုံး အလောတကြီးဝင်သွားလိုက်ပြီး ခြေရာခံစက်ကိုဖုန်းထဲထည့်ထားတာမို့ Taehyung ရှိရာကို သိနိုင်ဖို့အတွက်ပင်။ 

"ဒီဖုန်းကို ခြေရာခံ...မကြာစေနဲ့...အရေးကြီးတယ်"

လေသံမာနေသည်ဆိုပင်မဲ့ သူစိတ်ထိန်းထားရသည်။ သို့ပင်မဲ့ ရင်ထဲမှာတော့ ပူလောင်နေတာ။

"တွေ့ပြီဆရာ...မြို့ပြင်မှာ..."

တည်နေရာ အိမ်ရှိရာကို ထောက်ပြလာရင်း ပြောလာတော့သေချာကြည့်လိုက်ကာ သံယောင်ပြလိုက်သည်။

"အင်း..."

"လူပြတ်တယ်နော်ဆရာ..."

"မင်းအလုပ်ကို ငါခိုင်းတာက တည်နေရာရှာဖို့ဘဲ...အဲ့ထက်ပိုမပြောနဲ့။"

သေနတ်ကို ထုတ်လိုက်ကာ ကျည်စစ်ရင်း ခါးကြားသို့ ထည့်လိုက်ကာ ထွက်လာခဲ့သည်။

Kim Taehyung သာတစ်ခုခုဖြစ်ရင်တစ်ယောက်မှအလွှတ်ပေးမှာမဟုတ်ဘူး။ ဘယ်သူဖြစ်နေပါစေ။ အသေသတ်ပစ်မှာ...

...

ကားကို ခြံထဲသို့ ထိုးရပ်လိုက်ကာ ကားပေါ်က ဆင်းလိုက်တော့ တံခါးပေါက်တွင် ဝိုင်သောက်နေသည့် Sung Min ကိုတွေ့လိုက်တော့ သူမပြုံးပြလိုက်သည်။ ထို့နောက် ကားနောက်ခန်းတံခါးကို ဖွင့်ပြလိုက်ပြီး မျက်စပစ်ပြလိုက်တာ။

သူမအနားသို့ ရောက်လာပြီး ကားထဲကို ကြည့်ကာ ပြုံးလိုက်သည်။ 

"တော်တယ်...မင်းရအောင်ခေါ်နိုင်ခဲ့တာဘဲ။"

"Henry ကျွန်မကို ဖုန်းတွေဆက်နေပြီ...ကျွန်မ အိမ်အမြန်ပြန်မှဖြစ်မယ်...သူသိရင်ကျွန်မတို့နှစ်ယောက်လုံး လွယ်မှာမဟုတ်ဘူး။"

"သူက ဘာလုပ်နိုင်မှာလဲ...ခနဘဲလေ..ပြီးရင် သူ့လက်ထဲကို ပြန်ထည့်မှာဘဲ...ငါ Taehyung လေးကို ဘယ်လောက်တောင်လွမ်းနေသလဲ မင်းမသိပါဘူး။"

Hate YouWhere stories live. Discover now