Part 14

3.7K 297 85
                                    

Unicode

ထိုးကိုက်နေသည့် ခေါင်းကြောင့် မျက်ဝန်းစတွေလည်း စပ်နေလျက်ရှိသည်။  ခေါင်းကို ဖိကိုင်လျက် ထရန်ပြင်လိုက်ပင်မဲ့ တစ်ဖက်က ‌လက်မောင်းကို တစ်ခုခု ဖိထားသလို ဖြစ်နေပြီး ထလို့လည်းမရသည်မို့ သေချာ‌မျက်လုံးနည်းနည်းကြည်အောင် ကြိုးစားသည်။

ထို့နောက် တစ်ဖက်သို့ ပြန်ကြည့်လိုက်တော့ Jeon Henry ရဲ့လက်မောင်းကို အုံးကာ ခေါင်းတင်လျက် တစ်ဖက်သို့ လှည့်အိပ်နေသည့် ပုံရိပ်ကလေး ဟိုတစ်‌ယောက်ကို တွေ့လိုက်ရသည်။

Jeon Henry ရဲ့လက်မောင်းပေါ်တွင် ခေါင်းတင်ထားပင်မဲ့ ကျောပေးကာဖြင့် အိပ်နေသည်။ တစ်ချက်ငေးကြည့်လိုက်ရင်း ခန္ဓာကိုယ်ကို စောင်းလိုက်ကာ ဟိုတစ်‌ယောက်နားကို မသိမသာ တိုးကပ်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားနေမိခြင်းနဲ့ အတူ လက်ဟာ မသိမသာတုန်နေလျက်ရှိပြီး တိတ်တခိုးမူကာ ခိုးကာဖြင့် တက်တူးတွေအပြည့်ရှိနေသည့် လက်ဟာ ခါးသေးသေးလေးပေါ် သို့ရောက်သွားပြီး ဆွဲလိုက်တော့ ရင်ခွင်ကျယ်ထဲသို့ ကျောပြင်သေးသေးလေးဟာ ဝင်ရောက်လာသည်။

နှစ်နှစ် ခြိုက်ခြိုက်ကို အိပ်ပျော်နေတာဖြစ်သည်မို့ Jeon Henryဆွဲခေါ်လိုက်တာတောင် မနိုးသေးဘဲ တစ်ချက်သာ လှုပ်ကာ ပြန်အိပ်ပျော်သွားသေးသည်။

ကျဆင်းနေသည့် ဆံနွယ်လေးကို ထိမိစွာဖြင့်။ ဂုတ်ပိုးလေးကို နမ်းရှိုက်ချင်စိတ်က တစ်ဖွာဖွာ။

ခန္ဓာကိုယ်လေးကို အနည်းငယ်တည့်လိုက်ပြီး မျက်နှာလေးထက်ကို ငေးကြည့်မိသည်။ ဘယ်လောက်တောင် အကြည့်မလွှဲနိုင်သည်သလဲဆိုရင် Kim Taehyung က ကမ္ဘာပေါ်မှာ အနှိုင်းမဲ့ပန်းချီကားတစ်ချပ်လိုမျိုးပင်။ 

ဒါဟာ Jeon Henry အပိုင်။ Jeon Henry တစ်ယောက်တည်းရဲ့ အပိုင်ဖြစ်သလို အခုချိန်မှာ လွန်ခဲ့သည့် 10 နှစ်တုံးကလို မဟုတ်တော့ဘဲ သူ့ရဲ့ ရင်ခွင်ထဲကို ရောက်နေခဲ့ပြီ။ လက်လွှတ်လိုက်ရင် သိပ်တုံးအတဲ့သူဆိုတာ Jeon Henry ဖြစ်သွားလိမ့်မယ်။

မုန်းလို့ဘဲဖြစ်ဖြစ် ချစ်နေလို့ဘဲဖြစ်ဖြစ် Kim Taehyung က Jeon Vance Henry အပိုင်ဘဲ။ ဒါက ကိုယ်တိုင်သတ်မှတ်ထားခဲ့သလို ဖြစ်အောင်လည်း လုပ်ခဲ့တာဖြစ်သည်။

Hate YouWhere stories live. Discover now