Unicode
တစ်ကိုယ်လုံးတွေ ရေတွေစိုရွဲနေကာ လွယ်အိတ်ကို တစ်ဖက်ကလည်း လွယ်ထားလျက် ကျောင်းထဲကနေ ထွက်လာခဲ့သည်။ ရေစိုနေတာဆိုပင်မဲ့ Jungkook ပုံစံဟာ သိပ်ကိုကြည့်ကောင်းနေစဲဖြင့်။ စိုနေသည့် ဆံသားစလေးတွေကိုလည်း သပ်တင်ထားသေးသည်။
ကျောင်းသူကျောင်းသားတွေက ကွက်ကြည့်ကွက်ကြည့်ဖြင့် လျစ်လျူရှုလိုက်ကာ ကျောင်းရှေ့သို့ ဦးတည်လိုက်ပင်မဲ့ ကျောင်းပေါက်တွင် ရပ်နေသည့် Taehyung ကို မြင်လိုက်ရတော့ ခြေလှမ်းတွေဟာ အလိုလိုရပ်တန့်သွားလျက်ပါဘဲ။
Taehyung ဟာ ရပ်နေရင်းမှ နောက်ပြန့်လှည့်ကြည့်လာသည်။ Taehyung ကလည်း အကြည့်မလွှဲခဲ့သလို Jungkook ဟာလည်း အကြည့်မလွှဲခဲ့ပေ။
အဲ့နေ့မှာ Jungkook ဟာ မသိမသာ စိတ်ဆိုးခဲ့သည်။ ဒါဟာ အချစ်ရဲ့ အက်ရှခြင်းမှာ ပထမဆုံးပါဘဲ။ သို့သော် အချစ်စိတ်ကတော့ ပိုခဲ့သည်။
...
မိုးတွင်းမို့ ခနခန မိုးရွာပြီး တစ်ခါတစ်လေ မိုးက ဆက်တိုက်တောင် ရွာနေသေးသည်။
မိုးတိတ်ခါစမို့ လမ်းတွေဟာ စိုစွတ်နေပြီး ကျောင်းစီး ဘွတ်ဖိနပ်အဖြူလေးတွင်လည်း ရွံ့တွေဟာ ပေတူးကျန်သွားသည်မို့ Taehyung ဟာ စိတ်ပျက်စွာဖြင့် ကြည့်လိုက်သည်။
လွယ်အိတ်တစ်ဖက်က ရေဘူးကို ထုတ်လိုက်ပြီး ဖိနပ်ပေါ်လောင်းလိုက်ရန်ပြင်ချိန်ထွက်လာသည့် စကားသံကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်စွာဖြင့် အသံလာရာကို ကြည့်လိုက်သည်။
"အကိုက ပေနေတာကို ရေပြန်လောင်းလိုက်ရင် လမ်းပြန်လျှောက်လည်း ပိုတောင်ပေကျန်သွားမှာဘဲ"
"မင်းက ငါ့ကိစ္စဆိုရင် နေရာတကာပါတယ်နော်...Jungkook...မင်းမှာ ကျောင်းစာပြီးလို့ တခြားအလုပ်တောင်မရှိဘူးလား..."
"ရှိတယ်...အကို့နောက်ကို လိုက်ရမှာက ကိုယ့်အလုပ်လေ...ဆိုတော့...အကို့ဖိနပ်ကို အဝတ်တစ်ခုခုနဲ့ သုတ်လိုက်ပါ...အဲ့တာက အဆင်ပြေတယ်...ရေလောင်းရင် ပိုပေသွားလိမ့်မယ်လေ"
"ငါ့မှာ သုတ်စရာအဝတ်မပါဘူး...အဲ့တာမို့ကြောင့် ငါ့ကို အပိုတွေ လာပြီးပြောမနေပါနဲ့ ကိုယ့်လမ်းကို သွားပါ"