Part 21

3.4K 334 68
                                    

Unicode

မိုးရေထဲကနေ ပြေးလာမိသည်။ ဝမ်းနည်းစိတ်တွေကော ဒေါသထွက်စိတ်တစ်ချို့တွေကော...နောက်ဆုံး မနာလိုစိတ်နဲ့အတူ ပြေးလာခဲ့မိသည်။

အိမ်ခြံတံခါးကြီးက အကြီးကြီးဖြစ်သလို ပိတ်ထားခြင်းကြောင့် ဝင်လို့မရပေ။ မိုးတွေက သည်းထန်စွာ ရွာသွန်းနေစဲပင်။ 

Henry ရဲ့ သတင်းကို မြင်လိုက်ခြင်းကြောင့် အလန့်တကြားမေးခွန်းများစွာထုတ်ချင်စိတ်ကြောင့် ပြေးထွက်လာခဲ့ခြင်းဖြစ်သည်။ 

တံခါးတွေ အကုန်ပိတ်ထားခြင်းကြောင့် Henry ပြန်မရောက်သေးဘူးဆိုတာ သိသာနေခြင်းကြောင့် ခြံပေါက်တွင် ထိုင်ချကာ Henry ကိုစောင့်နေမိသည်။

အဆုံးအထိ လက်မလျော့ချင်တဲ့စိတ်သေးသေးလေးကြောင့် Han ရဲ့ လက်ထပ်ပွဲအဖြေကိုလည်း မဖြေရသလို Henry ကိုချစ်တဲ့စိတ်လေးကိုဘဲ သိတာဖြစ်သည်။ 

ကားဟွန်းတီးသံကြောင့် ဆက်ခနဲတုန်ရီသွားပြီး မတ်တပ်ထရပ်လိုက်တော့ Henry ရဲ့ ကားဖြစ်သည်။ 

ထိုအခါ ခြံတံခါးအလိုလိုပွင့်သွားပြီး မရှက်မရွံ့ခြံထဲသို့ လိုက်ဝင်မိလျက်ဖြင့်။ 

ကားရပ်သွားသည်နှင် အိမ်ထဲက အန်တီတစ်ယောက်က ပြေးထွက်လာသည်။ ထိုအခါ Henry ကလည်း ကားပေါ်ကနေ ဆင်းလာသည်။

"မာမီပြန်ရောက်နေတာလား"

Henry က သူမကိုလည်း ကြည့်လာပြီး ထိုအန်တီကို ပြန်ကြည့်လာသည်။

"မင်းဒီလောက်မွှေထားတာ မာမီပြန်လာရမှာပေါ့....သားငယ်ကော"

ကားထဲကို မှေးဆတ်ပြသည်။ သဘောက ကားထဲမှာပေါ့။ 

"စိတ်ကောက်နေတယ်...အဲ့တာမို့ကြောင့် ဘာဖြစ်တာလဲ မေးခွန်းမထုတ်ကြနဲ့...အရမ်းချော့ရခက်လို့"

"သမီးက ဘယ်သူလဲ...မိုးတွေလည်း စိုရွဲနေလို့ပါလား"

အခုမှ သားအမိနှစ်ယောက်လုံး Hanna ဘက်ကိုအာရုံရောက်လာတော့ပြီးအရင်ဆုံး Henry ရဲ့အမေဖြစ်သူက မေးလာသည်။ ဘာဖြေလို့ ဖြေရမယ်မှန်းမသိမို့ စကားလုံးတွေဟာလည်း ပျောက်ရှသွားလျက်ဖြင့်။ 

Hate YouWhere stories live. Discover now