Unicode
ဒီကို ရောက်တာ နှစ်ရက်မြောက်နေ့။ Jeon Henry နဲ့က တွေ့လိုက်တိုင်း စကားနာထိုးရင် အချင်းချင်းရန်ဖြစ်နေစဲဘဲမို့ တတ်နိုင်သမျှ ရှောင်ပင်မဲ့ ညဘက်ရောက်ရင်တော့ တစ်ခန်းတည်းအတူတူ သုံးနေရသည်မို့ မရှောင်နိုင်ပေ။
ဒီညတော့ Jeon Henry က ထုံးစံအတိုင်း နောက်ကျသည်မို့ အန်တီနဲ့အတူ ညစာစားပြီးသည်နှင့် အိပ်ရာဝင်တော့သည်။ ပြီးတော့ ဒီည Jeon Henry အိပ်ရင် ထွက်ပြေးဖို့ အစီအစဉ်လည်း ရှိတာမို့ အိပ်ရာစောဝင်သလိုမျိုး ပုံစံဖန်တီးထားတာဖြစ်သည်။
Jeon Henry က ဒီနေ့တော့ အရင်နေ့ထက်ပိုနောက်ကျသလို အခန်းထဲဝင်လာမှန်းသိတော့ Taehyung သည် ငြိမ်သက်စွာဖြင့် အိပ်ချင်ယောင်ဆောင်လိုက်သည်။
ရေချိုးခန်းဝင်သံကိုလည်းကြားပြီး ရေချိုးနေသည့်အသံကိုလည်း ကြားသည်။ စောင်ကိုမျက်နှာတစ်ဝက်လောက်အထိ အုပ်ထားကာ အိပ်ချင်ယောင်ဆောင်နေမိသည်။
ဒီနေ့တော့ သူ့ကိုတောင် မနှိုးဘဲ Jeon Henry က ရေချိုးပြီးသည်နှင့် ဝင်အိပ်တော့သည်။ ထိုအခါ မိနစ်၂၀လောက် Taehyung သည် ငြိမ်နေလျက်ရှိကာ ပြီးကာမှ ခပ်ဖြည်းဖြည်းလေး ထလာသည်။
ခြေသံကို ခပ်ဖွဖွနင်းလျက် အိပ်ရာပေါ်က Jeon Henry အနားသို့ တိတ်တိတ်ကလေး တိုးကပ်သွားလိုက်သည်။ အိပ်မောကျလား မကျလားဆိုတာ မျက်နှာနားကို တိုးကပ်လျက် အသံရှူသံကို ခံစားလိုက်သည်။တစ်ဆက်တည်း အိပ်ပျော်နေသည့် Jeon Henry ရဲ့ မျက်နှားကို လက်ကိုဝေ့လိုက်သည်။ အသက်ရှူမှန်မှန်ဖြင့် အိပ်ပျော်နေသည့် Jeon Henry ကြောင့် Taehyung ဟာ မသိမသာပြုံးလိုက်မိပြီး အခန်းအပြင်သို့ တိတ်တိတ်လေး ထွက်လာခဲ့သည်။
အိမ်အောက်ထပ်တွင် တိတ်ဆိတ်နေကာ မီးတွေက ပိတ်ထားလျက် ခြံဝန်းကြီးထဲတွင်သာ မီးတွေကတော့ လင်းထိန်နေလျက်ရှီသည်။
အိမ်တံခါးက အထဲကနေ လော့ချထားတာမို့ Taehyung အတွက် အပြင်ထွက်ဖို့လွယ်ကူစွာပင်။ တံခါးကို တိတ်တိတ်ကလေးဖွင့်လိုက်ကာအပြင်သို့ ကြည့်လိုက်သည်။ အစောင့်တွေမရှိတာက ထူးဆန်းသလို ဒီလိုအိမ်ကြီးမှာ တကယ်ကိုအစောင့်မထားတာက သိပ်ကိုစိတ်ချရတာလား။