Unicode
Jeon Henry တစ်ယောက်ရေချိုးခန်းထဲက ထွက်လာတော့ Taehyung မှာ အဝတ်အစားလဲပြီးပြီဆိုပင်မဲ့ ဗီရိုကို ဖွင့်လျက် ဗီရိုရှေ့တွင် ရပ်နေတုံးပင်။
"ဘာလုပ်နေတာလဲ"
သူ့အနားသို့ တိုးကပ်သွားလိုက်ပြီး မေးတော့ မော့ကြည့်လာသည်။ ဘာမှဆက်မပြောချင်တာမို့ ဗီရိုတံခါးကို ဆွဲပိတ်ရန်လုပ်လိုက်သည့်အချိန်တွင် သူ့ကို Jeon Henry ထဲ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သမျိုး ဖြစ်သွားသည်မို့ ဗီရိုတံခါးအပိတ် Taehyung သည် Jeon Henry ရင်ခွင်ထဲသို့ ရောက်သွားလေသည်။
"ကိုယ့်ရင်ခွင်ထဲ ဝင်ချင်လို့ ဂွင်ဆင်လိုက်တာလား...Kim Taehyung တို့သိပ်ဉာဏ်များတာဘဲ..."
"မင်း မိုက်ရိုင်းတာ...ငါဝတ်ထားတာက ကြီးနေလို့ ဒီထက်သေးတာရှာနေတာ...မင်းက ဆွဲပိတ်လိုက်တာလေ"
"အဲ့ဆို မပိတ်ခင်ဖြေပေါ့..."
"မင်းလိုကောင်ကို မဖြေချင်ဘူး...ဖယ်..လွှတ်..."
လွှတ်ပေးလာပြီး စိုနေသည့် သူ့ဆံပင်ကို သုတ်နေသည်။ ကုတင်အဖျားတွင် ဝင်ထိုင်တော့ သူကလည်း Taehyung ကို ပြန်ကြည့်လာလျက် သူ့အလုပ်သူ ဆက်လုပ်နေစဲ။
ရုတ်တရက် ဗိုက်ထဲက အသံမြည်လာတော့ ကြောင်တိကြောင်တောင် ဖြစ်သွားကာ သူကလည်း ကြည့်လာလေတော့ ရှက်မိလျက် တစ်ဖက်သို့ လှည့်ကာ ဗိုက်ကို ဖိလိုက်သည်။
"ဗိုက်ဆာနေတာလား"
"မဆာဘူး..."
"လိမ်တာ...ဆာနေရဲ့နဲ့..."
"သိရင် ဘာလို့မေးနေတာလဲ Jeon Henry...ဟုတ်တယ် တစ်နေကုန်ဘာမှမစားရသေးတော့ အခုဗိုက်ဆာနေတယ်ဟုတ်ပြီလား...ငါ့ကို ဘာမှလာမပြောစမ်းနဲ့"
"စေတနာနဲ့လည်း မေးတာကို...Kim Taehyung တို့က စေတနာကို သေးနဲ့လည်း ပန်းတတ်တာဘဲ"
အံ့ဩမှုနဲ့အတူ Jeon Henry ကို ကြည့်လိုက်သည်။
ဒီကောင် ပြောင်းလဲလာတဲ့ထဲမှာ စကားတတ်တာလည်း ပါလာတာဘဲ။
"မဟုတ်ဘူးလား ကိုယ်ပြောတာ..."
"ငါမင်းရဲ့ စေတနာကို သေးနဲ့ပန်းဖို့ မပြောနဲ့...ငါအခုထိ သေးတောင် မပေါက်သေးဘူး..."