Unicode
10 နှစ်ကြာပြီနောက်....
အခန်းငယ်တစ်ခုတည်းတွင် ပစ္စည်းတွေကို ရိုက်ခွဲသောင်းကျန်းလျက် အော်ဟစ်နေသည်။ ဒေါသတွေကြောင့် မျက်ရည်စတွေ ကူးလူးနေလျက်ဖြင့်။
ပစ္စည်းတွေဟာ ပြန့်ကျဲနေလျက် ပျက်စီးနေကာ ရှိနေသေးသည်။
"တော်တော့ Kim Taehyung..."
"ဘာကိုလဲ အပါး... ကျွန်တော့်ဘက်ကို ကြည့်ကြရဲ့လား...အပါးတို့က..."
"ငါတို့လည်းမဖြစ်သာလို့ လုပ်ရတာ...Taehyung...ဒီအိမ်ကလည်း ဆုံးနေပြီ...ငါတို့က လမ်းဘေးရောက်နေပြီ...လုပ်ငန်းတွေလည်း ဒေဝါလီခံလိုက်ရပြီ...မင်းဘဲ အပါးကို ထောင်မကျအောင် ကယ်နိုင်မှာ...ဒါလေးတောင်...မင်းက "
"ကျွန်တော်က အဲ့တာနဲ့ မမြင်ဖူးတဲ့ယောကျာ်းတစ်ယောက်ကို လက်ထပ်ရမှလား...ကျွန်တော့်အတွက်ကကော..."
"အပါးတို့က လမ်းဘေးရောက်နေပြီ...မင်းကို သူကလက်ထပ်ချင်တာ...မင်းသာ သူ့ကို လက်ထပ်လိုက်ရင် အကြွေးတွေကို ချေပေးမှာဖြစ်သလို အလုပ်ကိုလည်း ပြန်ထူထောင်ပေးမှာ...အဲ့လိုမှမဟုတ်ရင် သူက အပါးကို တရားစွဲတော့မှာ...မင်းအပါးကိုတော့ ထောင်ထဲမရောက်စေချင်ဘူးမလား..."
Taehyung ဟာ ငိုသည်။ အခုအခြေအနေကို နောက်ဆုံး သူဘယ်လိုငြင်းဆန်နိုင်မှာတဲ့လဲ။
ယောက်ျားတစ်ယောက်ကို အလွယ်တကူလက်ထပ်ဖို့က သူ့စိတ်မှာအဆင်သင့်မဖြစ်သေးတာ။ ပြီးတော့ သူက ယောကျ်ားတွေကို ကြိုက်တဲ့သူလည်း မဟုတ်ဘူး။
အပါးကို ကြည့်တော့ အကူအညီတောင်းနေသည့် မျက်ဝန်းတွေဖြင့် ကြည့်သည်။ ကိုယ့်အဖေကို ဘယ်သူက ဒီလိုဒုက္ခအခြေအနေကနေ ငြင်းဆန်နိုင်မှာတဲ့လဲ။
"မာမီသာရှိရင် ရအောင်တားမှာ...အခုတော့ ကျွန်တော်က..."
"အပါးတောင်းပန်ပါတယ်...အပါးတို့အတွက်ပါ...သားလက်ထပ်ပေးပါ...အပါးတောင်းဆိုပါတယ်..."
အားမလိုအားမရမှုတွေဖြင့် ငိုမိကာ နောက်ဆုံး သဘောတူညီမှုကို လက်ခံလိုက်ရတော့သည်။ မာမီမရှိတော့ကတည်းက ကုမ္ပဏီကလည်း ကျဆင်းလာကာ နောက်ဆုံးအပါးရဲ့ လောင်းကစားထဲ နစ်ဝင်မှုကြောင့် ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီး အခုလို ဆင်းရဲတော့တာဖြစ်သည်။ နောက်ဆုံး အကြွေးတွေကြောင့် တခြားယောကျ်ားတစ်ယောက်ကို Taehyung ဟာ လက်ထပ်ဖို့ဖြစ်လာတော့တာဘဲ။