1 တောခပ်ကျကျ
" သခင်လေးကျိုး, အားနာလိုက်တာ , ရှောင်ချီက အခု ဧည့်သည်ရှိနေတယ် , မဟုတ်ရင် ငါ တခြားသူရှာပေးရမလား ? "
တကယ်ပါကွာ , အဲ့ကောင်က ယောက်ျားတွေကို တကယ်ညို့နိုင်တာပဲ ၊ နေ့တိုင်း သူ့ကြောင့် လူတွေကို မျက်နှာပျက်နေရတော့တာပဲ !
" ရှောင်ယန်း , ရှောင်ယန်း ဘယ်လိုလဲ ? "ယန်းချင်း ဘေးကဖြတ်သွားနေတုန်းရှိသေးတယ် သူဠေးမက သူ့ကို လှမ်းဆွဲထားတာခံလိုက်ရသည် ၊ မျက်နှာမှာပေါ်လာတာက ဘာများလဲပေါ့ ။
" ***! မင်း သူတောင်းစားပေးကမ်းနေသလိုလုပ်နေတာလား ! သူနဲ့ ? ! တောပုံ! တောပုံကြီးနဲ့ ! "
မျက်စိရှေ့က ခြေတံလက်တံသေးသေးနဲ့ မျက်နှာမှာ အရောင်တင်ထားပြီး ဝတ်ထားတာကအရောင်တောက်တောက်နဲ့ ပုံက တစ်မျိုးပဲ မြင်တယ် တောကျတယ် ဒီလောက်တောကျနိုင်တာကလည်း တကယ်ကို မလွယ်ဘူး !
" OK! ဒါဆို သင် တောမကျတာသွားရှာပါ ! "
ဟင့်! ဒါကမှ ကံမကောင်းတာကွ ! သူအလုပ်တောင်မစရသေးဘူး , အပုပ်ကချခံရနေပြီ !သူ ယန်းချင်းအယူသည်းတာမဟုတ်ဘူးနော် , ဒါပေမဲ့ စီးပွားရေးလုပ်နေတာလေ , နည်းနည်းတော့ စဉ်းစားရမှာပေါ့ သူဒီညက အလုပ်လုပ်ရမှာလား မလုပ်ရတော့ဘူးလား !
" မင်း ဘာစကားပြောတာလဲ ! "
လူကလက်တောင့်လောက်နဲ့ ထွက်လာပြီးလည်းရောင်းသေးတယ် ငါလိုအကောင်နဲ့ ဒီလိုစကားပြောရဲတယ် !လက်ပါကြတော့မှာတွေ့တော့ ဘေးကနေ စကားဝင်မပြောနေတဲ့ ကျွမ်းကျယ် ပါးစပ်ဟလေပြီ ။
" မင်းဒီနေ့ ငါ့ကို ခေါ်လာတာ ဒါကြည့်ဖို့လား ? "
လေသံက အေးစက်စက်မို့ ကျောတွေပါ စိမ့်တက်သွားတယ်။
ယန်းချင်းကတော့ မျက်လုံးတခါတည်းလင်းလက်သွားတယ် , အဆင်လေးပဲ ။ ဒီလိုရုပ်ရည်နဲ့ ထွက်လာပြီး ဝယ်စားနေသေးသလား ?! သူက ပြန်ပေးစားရမယ်ဆိုလည်း ရတယ်လေ !" ဟွာကျဲ 💃, သူက ဘယ်သူလဲ ? "
တစက္ကန့်အတွင်း လိမ္မာပြီးသိတတ်တဲ့ ကလေးဖြစ်သွားပြီလေ ။နှမြောစရာကောင်းတာက ကျွမ်ကျယ်မျက်လုံးက နဖူးထိပ်မှာမို့ သူ့ကို ဂရုတောင်မစိုက်ဘူး ။ ခုနကနေ အခုထိ သူ မြင်တဲ့အမြင်က ခဏက ကျိုးချင်ပြောတဲ့အတိုင်းပဲ မြင်တာဖြစ်တယ် တောကျကျပဲ ။ ဒီအရူးကောင်ပြောတဲ့ စကားကို နားထောင်ပြီး ဒီနေရာကို လိုက်လာတာ နောင်တရလိုက်တာ ! ဒီနေရာက သရဲလှလှတောင်ရှိပါ့မလား ! ဒီကောင်လာချင်တာနဲ့ ငါ့ကို အတင်းဆွဲလာတာပဲ။
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer