《တောခပ်ကျကျ 》7
ဒီလိုနဲ့ မျက်စိတလှည့်မှာ ဆယ့်နှစ်လပိုင်းကို ရောက်လာလေပြီ ၊ မိုးအေးတာမို့ ယန်းချင်းက စောင်ကိုဖက်ပြီး အိပ်ရာထဲမှာသာကွေးချင်နေတယ်။
ဒါပေမဲ့ ဒီလိုအချိန်ဆို အလုပ်က ပိုကောင်းတယ်လေ ။
Ms.Bossက အမိန့်ချထားတယ်လေ , ဘယ်သူအလုပ်ပျက်ရဲလဲ ပျက်တဲ့သူ Bonus ဖြတ်မယ် !
သူက အဲ့ဒီအရက်ပုလင်းဖွင့်ထားတဲ့ %နဲ့ ဆောင်းတွင်းကို ဖြတ်သန်းရမှာလေ !
လကုန်ခါနီးထိတောင် တောင့်ခံလာပြီးပြီဆိုတော့ ဒီတစ်ရက်လေးပဲ တုန်ရတော့မှာပဲလေ နှင်းကျတာ မပြောနဲ့ သံကျတောင် သွားရမှာလေ !မနက်ဖြန်က နှစ်သစ်မို့ ဒီနေ့ 'ရွှေရောင်ခမ်းနား' မှာ ဧည့်သည်တွေ သိပ်မများနေဘူး။
ကြည့်လိုက်တော့ အပြင်က နှင်းကလည်း အတော့်ကိုကျနေတာမို့ ဟွားကျဲ က ကျေးဇူးကြီးလှစွာဖြင့် သူ့တို့ကို အစောကြီးပြန်လွှတ်လိုက်တယ် ။
ချီရှောင်ပင်းလည်း အားတောင့်အားခဲ အားနေရှာတယ် ဟိုနှစ်ယောက်က အိမ်မှာ ချုပ်မိနေကြတယ်နေမှာပေါ့
ယန်းချင်းက ချွဲကပ်ကပ်ဖြင့် ချီရှောင်ပင်းနားကပ်ကာ မေးတယ်
" ဒီလလည်း နံပါတ်၁ ရပြန်ပြီ , ဒကာခံပါအုံး ! "ချီရှောင်ပင်း သူ့ကို မျက်စောင်းတချက်ထိုးလိုက်ပြီး သဘောတော့တူလိုက်သား ,
" ရတယ်လေ , ဘယ်မှာစားမလဲ ? "" မိုးအေးအေးနဲ့ , နေရာမရွေးနေပါတော့နဲ့ , ဘေးကပ်ရပ်က ဟော့ပေါ့ပဲ သွားစားကြမယ်လေ ! "
" ဒါဆို သွားကြမယ်လေ " ချီရှောင်ပင်းက Down Jacket ထပ်လိုက်ရင်ရပြီ , ယန်းချင်းထက်တောင်အအေးခံနိုင်သေးတယ် ။
သူ့မှာတော့ အချိန်ယူပြီး မာဖလာ ၊ ဦးထုပ် ၊ လက်အိတ် ၊ မျက်နှာအုပ်တွေကော ရှာပြီးဝတ်နေတော့ ချီရှောင်ပင်းက လိုက်ကျွေးဖို့ကို နောင်တတွေရနေပြီ !
စားချင်တာတွေစားလိုက်ရပြီး မနည်းတဲ့ %လည်းဒီနေ့ရထားတာမို့ ချီရှောင်ပင်းလည်း စိတ်ကျေနပ်နေလေတယ် ။
အပြင်မှာ နှင်းတွေစုနေတာ အတော်ထူနေပြီမို့ ကားခေါ်ရတာ အနည်းငယ်ခက်တယ် ။ယန်းချင်းနဲ့ ချီရှောင်ပင်းတို့ သွားနေရင်း ကားတွေ့ရင် တားရင်း လုပ်နေကြတယ် ။
ကံကောင်းတာက သူတို့ငှားနေတဲ့ နေရာနဲ့ နှစ်ဂိတ်လောက်သာ ဝေးတာမို့ ကားမရလည်း သွားရင်းသွားရင်းနဲ့တော့ရောက်လောက်ပြီ ။
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer