《တောခပ်ကျကျ 》5

739 91 6
                                    

《တောခပ်ကျကျ 》5

ကျွမ်းကျယ် နဲ့ ကျိုးချင် အခုတလော အလုပ်ရူပ်လာကြသလိုပဲ , တခါတလေ သုံးလေးငါးရက်မှ တစ်ခေါက်သာ ချီရှောင်ပင်းထံကို ရောက် တော့တယ် ။ အများအားဖြင့်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင် မဆုံဖြစ်ကြဘူး , ဒါပေမဲ့လည်း ကြုံတဲ့ဆုံတဲ့ အခါလည်း ရှိတယ်လေ ။ တခါတလေ သူတို့က 'ရွှေရောင်ခမ်းနား ' မှာ မတွေ့ရင် အိမ်မှာ တခါတည်း လာစောင့်လေ့ရှိကြတယ်။

ယန်းချင်းက အစတုန်းက အဖက်လုပ်ပြီး ကူညီဧည့်ခံပေးသေးတယ် , နောက်တော့လည်း အထူးတွေ မလုပ်နေတော့ဘူး ။

တစ်ခေါက်က ကျိုးချင် သုံးနာရီလောက်ကြာ အောင် ကို စောင့်နေတော့ ညဆယ့်နှစ်နာရီ တောင်ရောက်တော့မယ် သွားမယ့်သဘောမရှိနေဘူး ။

ယန်းချင်း ရတောင့်ရခဲလေး နားရက်ကို အဲ့လိုလာရူပ်တော့ စိတ်ရူပ်ရူပ်နဲ့ ပြောမိတဲ့တခွန်းက
" ဒီအချိန်တောင်ရှိပြီဆိုတော့ , ဒီနေ့ မပြန်လာတော့မှာ သေချာတယ် , မင်း ငါနဲ့ပဲ အဆင်ပြေသလို ဖြတ်သန်းလိုက်ပေါ့ "

အစကတော့ ပြန်သွားအောင်ဆိုပြီး ပြောတာဆိုပေမဲ့ မထင်မှတ်ပဲ တွက်ချက်တာမှားပြီလေ !

ဒီကောင်က ကျွမ်းကျယ်လို တမျိုးတစားတည်းပဲ အကုန်ဝံပုလွေတွေပဲ ! တကယ်ကို အဆင်ပြေသလို လာဖြတ်သန်းနေတယ် ?!

အော်အင်း , အဲ့ဒီရဲ့ အကြိတ်အနှယ် လူပ်ရှားမူကလေ .....ဒုတိယရက်မှာ သူနိုးလာတော့ , ခေါင်းအုံးအောက်က ပိုက်ဆံကို မြင်ပြီး သူ နောင်တတွေရနေပြီလေ , ဘာကိစ္စမှမရှိရင် ဘာလို့ သူ့ကို သွားဆွမိတာလဲ , တကယ့်ကို ကိုယ့်အပြစ်နဲ့ကိုယ်ပဲ !

အဲ့ဒီညမှာပဲ ဟို Boss Du နဲ့ ဆုံရသေးတယ် !
သူ့မှာ လန့်လွန်းလို့ ကိုယ့်တင်ပါးကိုယ်အုပ်ပြီး ဟွားကျဲနားမှာ ခွင့်သွားတင်တော့တယ် ! နောက်ဆုံး ဟွားကျဲက သဘောမတူဘူးလေ ! သူ့ဘာသာသူ အကြံထုတ်ပါတဲ့ !
မတတ်နိုင်တဲ့အဆုံး , ယန်းချင်း အဖော်သာသွားလုပ်ရတော့တာပေါ့ ၊ သတိတော့ ထားလိုက်တာပေါ့ တဖက်က သူ့နဲ့ ကစားရင် တဖက်က အတင်းတွေ အရက်မော့ခိုင်းပြီလေ !
BossDuက အရက်သောက်နိုင်စွမ်း သိပ်မကောင်းလို့ တော်သေးတယ် , သူ စသောက်သလောက်သာ ရှိသေးတယ် BossDuက လဲနေလေပြီ ။

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now