《‌တောခပ်ကျကျ 》20(ဇာတ်သိမ်းပိုင်း)

1.5K 111 26
                                    

《‌တောခပ်ကျကျ 》20(ဇာတ်သိမ်းပိုင်း)

ကျွမ်းကျယ်ကတော့ အပြန်အလှန်နဲ့ နှစ်ယောက်သားကို ကြည့်နေတယ် ။ အော် ! မဆိုးဘူး ၊ အချိန်ကောင်းကို မှီလိုက်တာပဲ တယောက်က ဘောင်းဘီကြိုးအမြန် ချီနေတုန်း !

" ....ငါ အရင်ပြန်နှင့်ပြီ ! "
ချီရှောင်ပင်းနားမှာတုန်းကတည်းက ရလာတဲ့ အကျင့်နဲ့အတူ ကျိုးချင်က ကျွမ်းကျယ်လာတာတွေ့တာနဲ့ သွားချင်နေပြီ ။
တံခါးကို ပြန်ပိတ်လိုက်ချိန်မှာတော့ အခန်းထဲမှာ ယန်းချင်းနဲ့ ကျွမ်းကျယ် နှစ်ယောက်သာ ကျန်တော့တယ် ။

" သူ ရှာပေးတဲ့ နေရာလား ? မဆိုးဘူးပဲ "
ဘေးပတ်ပတ်လည်ကို မျက်လုံးနဲ့ တပတ်အပြည့်လှည့်ကြည့်လိုက်တယ် ။

" .....မင်းဘယ်လိုလုပ် ဒီကို ရှာတွေ့တာလဲ ? "
" ငါ့ခဏက 'ရွှေရောင်ခမ်းနား' ရောက်တယ်လေ ရှောင်ချီ မလုပ်တော့ဘူးဆိုတာနဲ့ ငါ သူ့အစား ဟွာကျဲနားလာပြောပေးပြီး ကားထဲဝင်ချိန်ပဲ မင်းအထဲဝင်သွားတာတွေ့လိုက်တာ "

" မင်းက ငါ့နောက်လိုက်ပြန်လာတာပေါ့ ? "
မိုးနတ်မင်းရေ ! သင် ကျနော့်ကို ဘာရေစက်တွေ ပေးထားတာလဲ !

ကျွမ်းကျယ် ခေါင်းငြိမ့်ပြလိုက်တယ် ။
" ....ငါ့ကို ဘာကြောင့် ရှာတာလဲ ? "
အဝတ်ကို သပ်ရပ်အောင်လုပ်ပြီး သူ့ကို ရေတခွက် ငှဲ့ပေးလိုက်ပြီး ယန်းချင်း ကိုယ့်‌ခွက်ကို ကိုင်ကာ ဆိုဖာပေါ်မှာ ပြန်ထိုင်လိုက်တယ် ။

" ဘာမှ မဟုတ်ပါဘူး , မင်းနဲ့ စကားပြောချင်ရုံပါပဲ ! "

စကား , စကားပြောမှာ ?!  ကျွမ်းကျယ် ရူးနေပြီလားလို့ယန်းချင်းစိတ်ထဲကနေတွေးနေပြီလား !

" အော် ...မင်းနဲ့ ရှောင်ချီ ....အခုတလော အဆင်ပြေတယ်မလား ?! "

" အင်း ၊ မဆိုးပါဘူး ။ သူ‌ ကျောင်းပြန်တက်နေပြီ ၊ ငါလည်း ‌သူ ကျောင်းပြီးတာကို စောင့်ပြီး ငါ့ ကုမ္ပဏီကို ဝင်ပြီး ကူစေချင်တယ်လေ "
ကျွမ်းကျယ် ကတော့ သူ့အိမ်သူရာ ကျနေတာပဲ အခါးရည်ခွက်ကို ကိုင်ပြီး ဇိမ်ပြေနပြေထိုင်နေကာ
" ငါ့ကိုပဲ မပေးထိတာ ၊ သူ‌ပြောတာက သူဘယ်တော့မှ ဒီလို ချစ်ရည်လူးခြင်းကို မနှစ်သက်ဘူးဆိုတော့ ငါက သူ့ကို လိုက်လျောရတာပေါ့ သူ အမြန် အသားကျပါစေပဲ မျှော်လင့်ရတယ် " 
ယန်းချင်း ရေသောက်နေတာတောင် ပန်းထွက်လာတော့မယ် ၊ ဒီကောင် အရေတဖြည်းဖြည်း ပိုထူလာတာပဲ ! သူနဲ့ ဘာပဲဖြစ်ဖြစ် လာပြောနေပါလား !
**! သိသားပဲ ! ဒီအချိန်မဟုတ်ရင် ငါ့ကို သတိမရဘူး!

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now