တောခပ်ကျကျ extra 3
ကျွမ်းကျယ် အပိုင်းအခုတလော အတော်အေးဆေးနေတယ် ၊ ငကျိုးကလည်း ကိစ္စရှိသည်နှင့် တူတယ် ၊ ယန်းချင်းကို ခဏခဏ မရှာတော့တာမို့ သူလည်း အတော်ရင်ပေါ့သွားမိတယ် ၊ နေ့တိုင်း သခိုးဂျပိုးစောင့်ကြည့်သလို ကြည့်နေစရာမလိုတော့ဘူး
ယန်းချင်းကို မိဘအိမ်ကို ခေါ်သွားပြပြီးကတည်းက အိမ်ကဘိုးတော်နဲ့ လုံးဝပြဿနာကြီးဖြစ်သွားပြီလေ ၊ကျွမ်းကျယ်ကတော့ သိပ်ဂရုမစိုက်ပါဘူး ၊ အချိန်ကြာတာနဲ့ သူအဖေက လက်မခံချင်လည်း လက်ခံရတော့မှာပဲလေ ၊ အဲ့အချိန်မှာ သူက သူ့ရဲ့ အဖိုးတန်သားလေးပါပဲလေ ။
သူ့အမေနဲ့ သူ့အစ်ကိုနှစ်ယောက်ပဲ ၊ သူက ယန်းချင်းနဲ့ တိုက်ခန်းအစုတ်အပြတ်ထဲ ပြောင်းနေတာလည်း ကြားရော အတော်သည်းမခံနိုင်စွာနဲ့ သူတို့နှစ်ယောက်ကို လေးငါးခြောက်ခေါက်လောက်ကို ဖြတ်ဖို့ ဖြောင်းဖြလေတယ် ၊ ကျွမ်းကျယ်ကလည်း ဒီကိစ္စကို ပြောတာနဲ့ ထထွက်သွားလေတယ် ၊ ဒီလိုနဲ့ ဖြတ်သန်းတာလိုက်တာ ဘယ်သူမှ ဒီကိစ္စကို မပြောတော့ဘူး ၊ သူ့ကို အပြင်မှာ ဒုက္ခရောက်မှာစိုးပြီးသာ တယောက်ပြီး တယောက် တိတ်တိတ်လေး ပိုက်ဆံထိုးပေးချင်နေကြသေးတာလေ ။
အမှန်တော့ သူကျွမ်းကျယ်က ကိုယ့်ကိုကိုယ် ဒုက္ခအရောက်ခံမဲ့သူ မဟုတ်ဘူးလေ၊ သူ ကုမ္ပဏီဖွင့်ထားတာ ကစားနေတယ် မှတ်လို့ ။
ဒါပေမဲ့ သူတို့လည်း လေသံလျော့လာတော့ သူလည်း အလိုက်သင့် နေလိုက်တာပေါ့
ဒါနဲ့ပဲ သူ့အိမ်က ဘိုးတော်ကြီးကလွဲ၍ သူနဲ့ ယန်းချင်းရဲ့ ပတ်သက်မူကို တိတ်ဆိတ်စွာ လက်ခံလိုက်ကြတော့တယ် ။ကျွမ်းကျယ် ကျေနပ်တယ်လေ ၊ ကိစ္စက သူတွက်ချက်ထားတဲ့အတိုင်းပဲ သွားနေတာလေ ၊ တခုပဲ ယန်းချင်း အဲ့ကောင်လေးသာ ခြေငြိမ်ရင် ပိုကောင်းတယ် .....
ဒီကောင်လေး , ပြောတာနဲ့ စိတ်တိုတယ် !
ရှေ့ရက်တွေတုန်းက သူ့ကိုဖုံးကွယ်ပြီး ရွှေရောင်ခမ်းနားကို သွားတယ်လေ ဟွာကျဲ ဖုန်းဆက်ပေလို့သာပေါ့ မဟုတ်ရင် သူ့အိမ်သူလေးက ဒီလောက်ကို ခြေလွတ်နေတာကို မသိဘူး !
သူ့ကို လူသေမှတ်လို့လား ?!
အဲ့ကိုရောက်သွားတော့ ဟွာကျဲ နောက်ပြောင်ခံရတာကို မပြောနဲ့အုံး ဒီကောင်လေးက ' ငါဒီမှာ အလုပ်တခု တည်တည်တံ့တံ့လုပ်ချင်ရုံပဲ ! ' လို့ တတွတ်တွတ်ပြောနေသေးတာလေ ။
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer