《တောခပ်ကျကျ 》15
ဆေးရုံထဲမှာ ယန်းချင်း မျက်နှာတွေ တွန့်လိန်နေတယ် ဆရာဝန်က သူ့ကိုယ်ထဲက ပုလင်းကွဲစတွေ ညှပ်ထုတ်ပေးနေတယ်လေ ၊ သူလည်စ ဟိုပုန်းဒီရှောင်နဲ့ အော်နေသေးတယ်
" အီး____! ဖြည်းဖြည်း ****အသာလုပ်ပါ ! doctor! နာတယ် , နာတယ် ! "" ဟင်းဟင်း ....ခဏက သတ္တိရှိတယ် မဟုတ်လား , ဘာဖြစ်တာလဲ ? အခုမှ နာတယ် အော်နေတယ်ကော ? "
ဒီနေရာက ဆေးရုံဖြစ်နေလို့ မဟုတ်ရင် , ဆရာဝန်ကလည်း ဟောက်မဲ့ပုံပေါက်လို့သာပေါ့ မဟုတ်ရင် သူက ဆေးလိပ်သောက်ရင်း ဇိမ်နဲ့ထိုင်ကြည့်ချင်သေးတာ !ယန်းချင်း နူတ်ခမ်းလေးမဲ့လိုက်ရင်း ကောင်စုတ် , ဘေးကနေ စကားနာထိုးနေတာ !
" မလူပ်နဲ့ ! ဖန်ကွဲစတွေ အကုန် မရှင်းထုတ်ရင် ယောင်လိမ့်မယ် "
ဆရာဝန်ကလည်း မျက်နှာထားသေသေဖြင့် ကျွမ်းကျင်စွာ သူ့ဒဏ်ရာကို ကုပေးနေရင်း မှာနေသေးတယ်
" ဒဏ်ရာတချို့နက်တယ် ချုပ်မှရမယ် မင်းအောင့်ထား"ယန်းချင်းမှာ လန့်ပြီး ခေါင်းတွေပါကျိန်းနေတယ် ငိုတောင်ငိုထွက်တော့မယ် ။
ကျိုးချင်က ဘေးမှာနားထောင်ပြီး မျက်မှောင်ကြုတ်မိတယ် ။
ကျွတ်! ဘာလို့ ဒဏ်ရာဒီလောက်ပြင်းရတာလဲ အစောကတည်းကသိရင် ....
အစတုန်းက အပ်နဲ့ချုပ်တုန်းက ယန်းချင်း အော်တာမှ ကျယ်လိုက်တာလေ , ကျိုးချင်တောင် စိတ်ထဲကနေ ကိုယ့်ကိုအပြစ်တင်နေမိပြီ , တော်သေးတာက ထိုဆရာဝန်က တွေ့မြင်ရတာများနေပြီးဖြစ်လို့ တခွန်းပဲ ခြိမ်းခြောက်လိုက်တယ် : မအော်တော့နဲ့ မဟုတ်ရင် ချုပ်ထားပြီးသားတွေ ပြန်ဖြည်လိုက်ရမလား ?ဒါမှပဲ ယန်းချင်း လိမ်လိမ်မာမာပါးစပ်ပိတ်တော့တယ် ၊ အရမ်းနာတောင်မှ တအင့်အင့်သာ ထွက်ရဲတော့တယ် ။
ပြီးခါနီးချိန်တော့ ယန်းချင်းမျက်နှာမှာ ချွေးတွေ ရွှဲနေလေပြီ ။" ဒါဆို ပြီးတော့မယ် နည်းနည်းထပ်အောင့်ထား , ခဏနေဆို ငါ မင်းကို အရောင်ကျဆေး ထည့်ပေးမယ် ဒီနေ့ အရောင်ကျဆေးပါသွင်းသွားပါ , မင်းကို ဆေး သုံးရက်စာထုတ်ပေးလိုက်မယ် သတိတရကုန်အောင်စားပါ ။ပြီးတော့ ဒဏ်ရာက ရေထိလို့မရဘူး ဒီနှစ်ရက်က အေးတယ်ဆိုတော့ ကိစ္စမရှိပါဘူး ။ အစားလည်း ကြည့်စား ၊ လေးရက်နောက်မှာ ကြိုးလာဖြေပါ ,ဟုတ်ပြီလား ? "
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer