俗不可耐
作者:三更雨
translater MayTulipslove《တောခပ်ကျကျ 》extra 1
ယန်းချင်းအပိုင်း
ပြောရရင်တော့ အရမ်းမောပန်းနေတာမို့ ယန်းချင်း က ငိုပြီးတောင်းဆိုလို့ရလာတဲ့ အနားယူခြင်းဆိုတော့ ကောင်းကောင်းမွန်မွန် အိပ်ရမှာလေ ! ဒါပေမဲ့ သူအခု တစက်မှ အိပ်မပျော်နေဘူး !
အိပ်..အိပ်မက်များလား ။ မျက်စိရှေ့က ဒီကောင်က သူ့ကို နှစ်သက်တယ်လို့ပြောတယ် ....မဟုတ်ဘူး , သူအမှန်တော့ နှစ်သက်တယ်လို့ မပြောခဲ့ပါဘူး ...ဒါပေမဲ့ ဒီနေ့ လူအများကြီးရှေ့မှာ ဒီလို ပွဲဖြစ်ခဲ့တာဆိုတော့ နှစ်သက်တဲ့ သဘောပဲမလား ?
" မင်းငါ့ကို လှည့်ကစားနေတာလား ?! ခဏကမှ 'ရပါပြီ 'ဆိုပြီး ငိုပြီးအော်နေတာ ၊ အခုတော့ ငြိမ်ငြိမ်မနေပြန်ဘူး ! "
ကျွမ်းကျယ် ဟန်ဆောင်လို့မရတော့ဘူး , လက်ကိုတချက်ဆန့်လိုက်ကာ မီးကို ဖွင့်လိုက်ပြီး ကိုယ့်ကိုလှည့်ပြီး ယန်းချင်းကို ကိုယ်အောက်မှာ ဖိထားလိုက်တယ် ။
အောင်မလေး ! ခဏက သူ သနားစရာကောင်းအောင်ငိုနေလို့ ပြီးတော့ ဒီကောင်လေး က ရှေ့တလောက ဒဏ်ရာကြီး ဒဏ်ရာသေးတွေ အဆက်မပြတ်ရထားတာကို ဂရုစိုက်ပေးတာမို့ သူ မခံနိုင်မှာစိုးလို့ သူ့ကိုယ်သူအောင့်ထားလိုက်ရတာမလား ?!" အာ ?! အာ ?! "
သူ အိပ်မပျော်သေးဘူး ?! ယန်းချင်း ခဏက ပြင်းထန်တဲ့ နူန်းထားကို စဉ်းစားမိတာနဲ့ .....သူထပ်ပြီးတော့များ ....?!" ဘာအာလဲ ! အိပ်မပျော်ရင် ထပ်လာကြမယ်လေ ! "
ပြောရင်းနဲ့ကို လက်ကပါတော့မယ် ။ယန်းချင်း မှာတော့ လန့်ပြီး မျက်နှာဖြူနေပြီ , လက်နှစ်ဖက်လုံးက သူ့ဘာသာသူ အနောက်ကပြောင်နေတဲ့ တင်ပါးဖြူဖြူလေးကို သွားကာနေပြီ ။
" မ, မလုပ်ပါနဲ့ ! ထပ်လာရင် တကယ်စုတ်ပြီ ! "
သူအခု ခါးအောက်ပိုင်းအကုန်လုံးက ညောင်းကိုက်နေတာကလွဲပြီး ဘာခံစားချက်မှမရှိတော့ဘူး !ကျွမ်းကျယ်မှာတော့ သူဖြစ်ပျက်နေတာကို ချစ်ဖို့ကောင်းနေတာမို့ ကြည့်ပြီး မထိန်းနိုင်ပဲ ရယ်လေပြီ
" ဒါဆို မင်းဘာတွေ လိန်ဖယ်လိန်ဖယ်လုပ်နေတာလဲ ?! ယမ်းပွင့်သွားမှာ မကြောက်ဘူးလား ! "
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer