《တောခပ်ကျကျ 》 4
ယန်းချင်း အမှန်တော့ အဝေးကြီးမသွားပါဘူး ၊ အတင်းဆွဲခေါ်လာတာကို ခံခဲ့ရတာလေ ၊ အိတ်ထဲမှာ တပြားမှမပါဘူး ၊ သူဘယ်လိုပြန်မလဲ !
သူတို့ ကိုယ့်ကို မတွေ့ပဲ ပြန်သွားမှာလဲ စိုးရိမ်တော့ လမ်းဘေးမှာပဲ ထိုင်စောင့်နေမိတယ် ။
ရာသီဥတုကလည်း တော်တော်အေးတာ , လမ်းဘေးမှာ လေတိုက်နေတာကိုခံရရင်း ယန်းချင်းမှာ တုန်နေရှာတယ် ။သုံးယောက်သားထွက်လာတော့ ဆောင့်ကြောင့်ထိုင်နေတဲ့ သူ့ကို မြင်ပြီး မျက်လုံးပြူးသွားကြတယ် ။
ကျိုးချင်ကပဲ သူ့ကို လက်ညိုးထိုးပြီး မပြောချင်တော့သလိုနဲ့ ပြောတယ်
" ယန်းချင်း မင်းမျက်နှာ အရေထူတာမှ....မင်းမျက်နှာ လှလှနဲ့ မလိုက်ဘူး ! "ယန်းချင်းစိတ်ထဲမှာတော့ မင်းဇရှိရင် လမ်းလျှောက်ပြန်ပြကြည့်ကြည့်လေ !
" မင်းတို့လိုလူကော ရှိလို့လား ! လူကို ခေါ်တော့ခေါ်လာပြီး ပြန်မပို့ပေးနိုင်ကြဘူးလား ၊ ငါက tissue လား သုံးပြီးပစ်လိုက်လို့ရတာလား ! "
ဒီလိုလည်းပြောနေရင်း သူတို့ တံခါးဖွင့်လိုက်တာတွေ့တာနဲ့ အရင်ဆုံးကားထဲပြေးဝင်သွားတယ် ။
**! အေးတာမှခဲနေတာပဲ !ကျန်တဲ့နှစ်ယောက်ကလည်း တချက်သာကြည့်လိုက်ပြီး ဘာမှမပြောဘူး ဝင်ထိုင်လိုက်တယ် ။
ဒါပေမဲ့ ကျိုးချင်ကတွေဝေစွာနဲ့ ကားစက်မနိူးနေဘူး။" ဘာစဉ်းစားနေတာလဲ , ကားအမြန်မောင်းတော့လေ !"
ယန်းချင်းလောမိတယ် ။" ခုနက ငါတို့ ဝမ်ဖူကျင်းမှာ အစားသွားစားမယ်ပြောနေတာ "
လို့ ကျိုးချင်ဖြေတော့ ကျိုးချင်း သုံးယောက်လုံးကို ပတ်ကြည့်လိုက်တယ် ၊ သဘောပေါက်ပြီ။" ငါ့ကို နှစ်ဆယ်ကျပ်ပေးလာလေ ! ငါ ကားငှားပြန်မယ် ! "
သူ လက်ဖြန့်လိုက်တယ် , အမှန်တော့ လက်သီးဆုပ်ပြီး ထိုးချင်နေတာ !ပိုက်ဆံတောင်းတာကို အဲ့လောက်လေသံမာတာ မကြုံဖူးတဲ့ ကျိုးချင်လည်း သက်ပြင်းချကာ အမြန်ပဲ ယွမ်တရာဆွဲထုတ်လာကာ ပေးပြီး လူကို ပြန်လွှတ်တော့တယ်
" တကယ်ပဲ အရင်ဘဝက သူ့အပေါ် အကြွေးတင်တာလား မသိဘူး ! "
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer