《တောခပ်ကျကျ》16
ကျိုးချင်က သူ့အတွက် တံခါးဖွင့်ထားပေးပြီးပြီမို့ ချီရှောင်ပင်း ကားပေါ်တက်လိုက်တာနှင့် ကားက ပြေးထွက်သွားတယ် ။
ယန်းချင်းက ဒီလိုရပ်နေတဲ့ အနေအထားအတိုင်း ကြောင်ရပ်နေမိပြီး ခြေလက်တွေပျော့လာမှ သိလိုက်တယ် ရင်ဘတ်ထဲက တလှပ်လှပ်နဲ့ , ဘာအရသာလဲ ။
သူက တခွန်းတောင် အော်လို့မမှီလိုက်ဘူး : ငါလည်း အတူသွားမယ် !
သူတောင်စဉ်းစားနေသေးတယ် , ငကျွမ်းက ထိုညကတည်းက ထပ်မပေါ်လာတော့တာမို့ , ဒီနှစ်ရက် ဘာတွေများ လျို့လျို့ဝှက်ဝှက်လုပ်နေတာလဲပေါ့ ....လတ်စသတ်တော့ ....
သူလည်း အတူသွားကြည့်ချင်တယ် ၊ ဒါပေမဲ့ မမှီတာသေချာတယ်လေ , ဘယ်ဆေးရုံမှန်းလည်း မသိတာမို့ ယန်းချင်း တခုပဲလုပ်လို့ရတော့တယ် စောင့်ရမယ် !
စိတ်ပူစွာနဲ့ သုံးနာရီနီးပါးစောင့်နေခဲ့တယ် ! ယန်းချင်း အနွေးစက်ဖွင့်ဖို့ မေ့သွားတာမို့ အခန်းထဲ အေးစက်ခဲနေတယ် သူ့ရဲ့ ထိုင်နေတဲ့အနေအထားက တချက်မှ မပြောင်းခဲ့ဘူး ။
စိတ်ထဲမှာတော့ မအေးတဲ့ အတွေးတွေ တချက်မှ မရပ်ခဲ့ဘူး ။ သူ့ကိုယ်ကိုတောင် ပြန်ဆဲချင်တယ် ဘာလို့ အကောင်းဘက် မတွေးနိုင်ရတာလဲ !
အပြင်က မော်တော်ကားသံကို ကြားမှသာ အပြင်ကို ပြေးထွက်သွားတယ် ။
တကယ်လည်း ကျိုးချင်နဲ့ ချီရှောင်ပင်း ပြန်လာတာဖြစ်တယ် ။" ဘယ်လိုလဲ ? သူ ဘာမှမဖြစ်ဘူးမလား ? "
နှစ်ယောက်လုံးက ဆယ့်နှစ်နာရီကျော်တာတောင် သူစောင့်နေသေးမယ် မထင်မိဘူး ။
" ဘာမှမဖြစ်ဘူး , အပေါယံဒဏ်ရာတွေပဲ , ရက်အနည်းငယ် နားလိုက်ရင်ရပြီ "
ချီရှောင်ပင်း ဖြေသိမ့်ကာပြောတယ် ။သူက ကျွမ်းကျယ်အတွက် စိတ်ပူပေးနေတာတွေ့တော့ ကျိုးချင် မျက်ခုံးပင့်မိကာ ချီရှောင်ပင်းကိုလည်း ကြည့်လိုက်တယ် ။
ရင်ထဲပေါ့သွားသော ယန်းချင်းကတော့ မျက်နှာပေါ်ကသွေးရောင် ပြန်ကောင်းလာတယ် ။" ....အကောင်းကနေ ဘယ်လိုဒဏ်ရာရတာလဲ ? "
ကိုယ့်ကိုကို တုံ့ပြန်မိတာ နည်းနည်းပိုနေသလားထင်မိတာမို့ ယန်းချင်းက မသိဘာသာနဲ့ သူတို့ကို အိမ်ထဲဝင်လို့ရအောင် ဘေးဖယ်ပေးလိုက်တယ်။
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer