《တောခပ်ကျကျ》13

662 84 13
                                    


《တောခပ်ကျကျ》13

ယန်းချင်းက အောက်ထပ်မှာ ဖားတကောင်လိုပဲ အလေ့လာခံနေရတာ နာရီဝက်လောက်ရှိပြီ ။ ကျွမ်းကျယ်က အောင်နိုင်သူလို ဆင်းလာတာကို တွေ့တာနဲ့ ကယ်တင်ရှင်ကို ‌တွေ့လိုက်သလို အလျင်အမြန်သွားကြိုလိုက်တယ် ။

" ဘယ်လိုလဲ ? "

မေးတာကို ဂရုမစိုက်ဘူး ပေါ်ပေါ်တင်တင်ပဲ သူ့ရဲ့လက်ကို ဆွဲပြီး သူ့ရဲ့ မရီးနှစ်ယောက်ရှေ့ကို သွားလိုက်တယ်။
" မရီးကြီး ၊ ဒုတိယမရီး ၊ ကျနော်တို့ သွားနှင့်ပြီ "

" ဘာလို့ အဲ့လောက်မြန်တာလဲ ? အဖေပြန်လာတာ မစောင့်တော့ဘူးလား ? "
ကျွမ်းအိမ်က မရီးကြီး ထရပ်လာတယ် ။

" အာ ၊ မစောင့်တော့ဘူး ။ ခဏနေကိစ္စရှိသေးလို့ ကျနော် ရှောင်ယန်းကို အရင်ပြန်ပို့လိုက်အုံးမယ် "

" ကောင်းတာပဲ ၊လမ်းမှာ သတိထားပါ "
ဒုတိယကျွမ်းမရီးကလည်း ရပ်လာပြီး မှာကြားနေလေတယ် ။

" သိပါပြီ "
ကျွမ်းကျယ်ကရယ်ရင်း ယန်းချင်းကို ဆွဲပြီး ပြန်သွားတော့တယ် ။

ကျွမ်းကျယ်ရဲ့ မရီးနှစ်ယောက်လုံးက တယောက်က ဆေးရုံအုပ် , တယောက်က ပညာရေးဌာနမှာ အလုပ်လုပ်တယ်၊ သူ့ကို မောင်လေးတယောက်လိုလည်း ရင်းရင်းနှီးနှီး ချစ်ခင်ပေးတယ်။

ဒီနေ့ ကိစ္စကတော့ လုံးဝမထင်မှတ်ထားဘူး ၊ ဒါပေမဲ့လည်း သူတို့ကအပြင်လူပဲမို့ အများကြီးမေးလို့မကောင်းဘူးလေ ၊ ခဏက ကျွမ်းကျယ်တို့ ညီအစ်ကိုသုံးယောက်လုံး အပေါ်ထပ်မှာရှိချိန်တွင် သူမတို့နှစ်ယောက်လုံး အလွန်စိတ်ပူနေကြတယ် နောက်ဆုံး သူဆင်းလာတဲ့ မျက်နှာကလည်း အရာအားလုံးကို သေချာပြီဆိုတဲ့ ပုံနဲ့ဆိုတော့ သူမတို့မှာ မတွေးတတ်ကြတော့ဘူး။
သူမတို့ခန့်မှန်းတာပဲ မှားသွားသလား......

ယန်းချင်းက ဒီလောက်ထိ မြန်မြန်ပြီးသွားမယ်လို့ မထင်ထားဘူး !
ကျွမ်းကျယ်က သူ့လက်ကိုဆွဲပြီး ပြန်သွားတာနဲ့ စိတ်ထဲမှာ ဝမ်းသာသွားမိတယ် ပြီးသွားပြီးပေါ့ ၊အရေပြားတွေ အခွာခံရမှာပဲလို့ထင်ထားတာလေ !
ကားထဲပြန်ဝင်ထိုင်လိုက်တာနဲ့ အနည်းငယ်ပြန်သွက်လက်လာတဲ့ ယန်းချင်းကို ကြည့်ပြီး ကျွမ်းကျယ်ရယ်မိတယ် ။

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now