《တောခပ်ကျကျ 》8

671 90 5
                                    

《တောခပ်ကျကျ 》8

ကျွမ်းကျယ် အပြင်ထွက်ပြီး ဆေးလိပ်သွားသောက်ရင်း  ညီအစ်ကိုလို မိတ်ဆွေတယောက်ကို ဖုန်းဆက်လိုက်တယ်, နူတ်ဆက်သလိုလိုနဲ့ ဖုန်းစ‌ပြောဖြစ်တယ် ။

ထိုလူက နံပါတ်နှစ်အစ်ကိုရဲ့ ကျောင်းနေဘက်လေ ၊ ငယ်တုန်းက အတူကစားဖူးတယ် , အခုတော့ ဒီအပိုင်းရဲ့ ရဲစခန်းစခန်းခွဲမှာ အုပ်ချုပ်ရေးမူး‌ဆိုတော့ ဒီကိစ္စက သူ့ကို အကူအညီတောင်းရင်ရပြီ ။

ဒါပေမဲ့ သူ ချီရှောင်ပင်း လူနာခန်းထဲပြန်ရောက်ချိန်မှာတော့ ၊ ကျိုးချင် သူ့ကိုပြောပြတယ် ၊ ထိုလူတွေကို ရှာတွေ့ပြီတဲ့ !

" မင်းလက်အောက်က လူတွေ မြန်သားပဲ ! "
ဒီတခေါက်ကတော့ တကယ်ချီးမွမ်းတာဖြစ်တယ် ၊ ခဏက ဖုန်းဆက်နေတာက ဒီကိစ္စကို မှာကြားနေတာကို။

" ငါ သူတို့ကို ရဲစခန်းပို့ခိုင်းလိုက်ပြီ ၊ မနက်ဖြန် ရှောင်ချီနိုးလာရင်လည်း ဒီလူတွေဟုတ်မဟုတ် ပြောခိုင်းရတာလွယ်တာပေါ့ "

" အော် ? ဒါဆိုလည်း ငါတို့အရင်သွားကြည့်ကြတာပေါ့ "

" အင်း , ငါလည်း သွားမယ် "

ကျွမ်းကျယ်  ကုတင်ပေါ်က ချီရှောင်‌ပင်းကို တချက်ကြည့်လိုက်သေးတယ် ။

" ကိစ္စမရှိဘူး , မနက်ဖြန်မနက်ထိ အိပ်လိမ့်မယ်လို့ ဆရာဝန်ပြောထားတယ် ၊ ကိစ္စမရှိဘူး , သွားမယ် "
နှစ်ယောက်သားအဲ့လိုပဲ မြို့အရှေ့ဖက်ရဲ့ ရဲစခန်းကို သွားလိုက်ကြတယ် ။
ထိုနေရာကလူတွေကို အရင်နူတ်ဆက်ထားပြီးပြီမို့ တလမ်းလုံး အပိုပြောစရာမလိုတော့ဘူး ။

" သခင်လေးကျွမ်း , အဲ့ဒီလူတွေပါပဲ , ပိုက်ဆံကတော့ မနည်းဘူး သုံးလိုက်ပြီ , တော်သေးတာက ရွှေဆွဲကြိုးတော့ မရောင်းသေးဘူး ၊ခဏက သင့်သူငယ်ချင်း အထူးမှာကြားထားတာပါ ဒီဆွဲကြိုးကို ရအောင်ရှာပေးပါတဲ့ အထူးအမှတ်တရရှိပုံပဲ "

" အင်း "
ကျွမ်းကျယ်က ဆွဲကြိုးကို ယူသိမ်းလိုက်ပြီး ငွေသားကိုပါ ရေတွက်ကြည့်တော့ တကယ်လည်း ယွမ်တစ်သောင်းကျော်ပဲကျန်တော့တယ် ။

" လူကို မင်းတို့ရိုက်တာလား ? ဂိုဏ်းတွေရဲ့စည်းကမ်းရောသိရဲ့လား ? "

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now