《တောခပ်ကျကျ 》10

708 81 7
                                    

《တောခပ်ကျကျ 》10

ချီရှောင်ပင်း မရှိနေတာမို့ ယန်းချင်းက အခန်းထဲဝင်ပြီး အမြန်ပုန်းနေလေပြီ , ကိုယ်လက်သန့်စင်ဖို့တောင် အားမရှိဘူး , တညလောက် တော့ ကိစ္စမရှိလောက်ပါဘူး ။
နောက်ဆုံးတော့ မှိန်းရင်းမှိန်းရင်း အိပ်ပျော်သွားတာမို့ ၊ မီးတောင်ပိတ်ဖို့တောင် မေ့သွားတယ် ။
လူတယောက်ကိုယ့်ကို ခေါ်နေသလိုပဲ ။
အအိပ်ဆတ်တဲ့ ယန်းချင်း တဖြည်းဖြည်းနိုးလာတယ် ။

" ယန်းချင်းရေ , ထွက်လာပြီး တခုခုစားပါအုံး , ငါနဲ့ ကျွမ်းကျယ် ညစာ ဝယ်လာပေးတယ် "

ယန်းချင်း ဒီတခါတော့ တကယ်နိုးသွားပြီ , အမြန်ပြန်ဖြေလိုက်တယ်
" ငါ မဆာဘူး , မင်းတို့စား...."
ဒါပေမဲ့ နောက်ကျသွားပြီလေ , 'ပါ'ဆိုတာတောင်မပြောရသေးဘူး , ချီရှောင်ပင်းက တံခါးကို ဖွင့်လိုက်ပြီ ။

" ယန်းချင်း ? "

ချီရှောင်ပင်း က သူ့တံခါးဘောင်ကြားထဲကနေ အလင်းကိုတွေ့နေရလို့ ဘာလို့ အစောကြီး ပြန်လာလဲ တွေးနေတာ ၊ နောက်တော့ နေ့တဝက်လောက်ခေါ်လည်း မထူးတာမို့ တံခါးဖွင့်ပြီး ဝင်ကြည့်တာ ဖြစ်တယ် ။

" အဲ ! မင်းမျက်နှာ ဘယ်လိုဖြစ်တာလဲ ? "

ယန်းချင်း က သူ့ကို မျက်စောင်းကြီးကြီးသာပေးမိတော့တယ် , အရင်လို ဘယ်လောက်ကောင်းလဲ ! မင်းအစား ရှေ့က တခါပဲ ကာပေးမိတာပါ သူ့ကို ဂရုတစိုက်ဖြစ်နေတယ် ၊ သူများခံနိုင်လား မေးလည်း မမေးဘူး !
သူက ခပ်နံနံခွေးချီးလေ , ဂရုမစိုက်တာမှ ကောင်းတာလေ !

" အိုက်ယား ! မင်း မသိချင်ပါနဲ့, မင်း အစားမင်းထွက်စားပါ , ငါ အိပ်တော့မယ် ! "

စိတ်ထဲကနေလည်း မင်းကလည်း လန့်လန့်ဖြန့်ဖြန့်နဲ့ အပြင်ကတယောက်ကပါဝင်လာနေအုံးမယ် ။
ယန်းချင်းက အစကတည်းက ကံမကောင်းတတ်သူဆိုတော့ ဘာဖြစ်ချင်ရင် မဖြစ်ဘူးလေ , မဖြစ်စေချင်တာက ဖြစ်လာတယ်လေ ။

" ဘာဖြစ်တာလဲ ဒါက ? ငါက မင်းတို့အတွက်တောင်ခွဲထားပေးပြီးပြီ "
ကျွမ်းကျယ်စိတ်ထဲက ငါ သခင်လေး ကိုယ်တိုင် ဘယ်သူ့ကို ဝန်ဆောင်မူပေးဖူးလို့လဲ ?! မင်းတို့နှစ်ယောက် အထဲမှာ ကွိစိကွစနဲ့ နေ့တဝက်တောင် မထွက်လာကြဘူး !

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now