《တောခပ်ကျကျ 》19

762 85 11
                                    

《တောခပ်ကျကျ 》19

" ရပြီ ၊ အဲ့လိုပဲ ဆုံးဖြတ်လိုက်တော့ ။ မင်းအေးဆေး အနားယူပါ ၊ငါသွားနှင့်ပြီ ၊ ခဏနေ ရှောင်ချီပြန်လာရင် မင်းသူ့နဲ့ ပြောလိုက် ငါ ကားထဲကနေ စောင့်မယ်လို့ "

ယန်းချင်းမှာတော့ စိတ်တွေဆိုးပြီး အံတွေကြိတ်နေမိတယ် ** ....လှိမ့်လေ ! ကားပေါ်မှာ ပုန်းနေချင်ပြီး ဒီမှာ မစောင့်ချင်ဘူးပေါ့ !

" သိပါပြီ , သူတက်လာတာနဲ့ ငါသူ့ကို သွားခိုင်းလိုက်ပါ့မယ် "

" အင်း ၊ ဒါဆို ငါသွားပြီ "

ကျိုးချင်းပြန်လာချိန်မှာတော့ လူနာခန်းထဲမှာ ယန်းချင်း တယောက်တည်းပဲ ကျန်တော့တယ် ။
" သူတို့တွေကော ?"

" သွားပြီ "

" သွားပြီ ? "
ခဏတုန်းကမှ သူ့နဲ့ ကြက်ဖလို စကားနဲ့လိုက်ခွပ်နေပြီး အခုတော့ ဒီလောက်အမြန်သွားလိုက်ပြီ!
" ဒီစားစရာတွေက ဘယ်လိုဖြစ်တာလဲ ? "

" ရှောင်ချီ ဝယ်ထားပေးတာ "
ပြီးနောက် ယန်းချင်းက တခွန်းထပ်ဖြည့်လိုက်တယ်
" ကျွမ်းကျယ် က ကားထဲမှာစောင့်နေလို့ သူ့ကို ငါသွားခိုင်းလိုက်တယ် မင်း ငါ့အစား ဆေးရုံတက်ဖို့ သွားလုပ်ပေးတာလား ? "

" ဟုတ်တယ် ၊ အကုန် လုပ်ပေးပြီးပြီ ၊ မင်းကို အစားအစာခွံ့ပေးရမလား ? ဗိုက်ဆာလောက်ပြီ "
ကျိုးချင် ကုတင်ခြေရင်းကို သွားပြီးကုတင်ကို အနည်းငယ်ကို မြင့်ပေးလိုက်တယ် ။

" မလိုဘူး , ထားထားလိုက် ။ ခဏနေ ငါ့ကိုယ့်ကို စားမယ် ။ ငွေဘယ်လောက်သွင်းလိုက်ရလဲ ? ပြီးမှ ငါပေးမယ် ....အော် , ပြီးမှ ငါကျွမ်းကျယ်နားက တောင်းပေးမယ် ၊ သူပြောပြီးပြီ ၊ ကုန်ကျစရိတ်တွေ အကုန် သူတာဝန်ယူပေးမယ်တဲ့ "

ကျိုးချင် ဒီအချိန်မှသာ တခုခုဖြစ်မှန်း ခံစားမိလိုက်တယ်
" ဘာဖြစ်တာလဲ ဒါက ? သူဘာပြောလိုက်လို့လဲ ? "

" ဟူး ! သူ ဘာမှ မပြောပါဘူး ။ သူများက စိတ်ကောင်းနဲ့လေ ၊ ငါ ထပ်လက်မခံရင် မှားမှာပေါ့ "

" ယန်းချင်း ၊ မင်းစကားပြောတာ ရွဲ့တဲ့တဲ့အသံနဲ့ သူ့နားစိတ်ဆိုးတာ ငါ့နား လွှဲချလာတာလား ? မင်းကွာ ! "
တကယ်ကံဆိုးတာပဲ နေရာတိုင်းမှာ စိတ်အဆိုးခံဖြစ်နေပါတယ်ဆို ! အခုတော့ ကောင်းရော Mb ကတောင် သူ့ကို စကားနဲ့ ခံပြောနေပြီ !

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now