တောခပ်ကျကျ extra 2
ကျိုးချင်အပိုင်း
ကုမ္ပဏီမှာ နိုင်ငံခြားသားတဦးကို ဖိတ်ခေါ်ခန့်ထားတယ် !
ကျိုးချင် နားမလည်ဘူး ၊ ဒီခေတ်ကြီးမှာ အမှောင်ဂိုဏ်းကြီးကတောင် ကူညီဖို့ နိုင်ငံခြားက ပညာရှင် ဖိတ်ခေါ်ခန့်ရတယ် ?!
ပိုစိတ်တိုတာက အဲ့ဒါက အတုအယောင်ပညာရှင် အကူအညီ ဖြစ်နေတယ် !အိမ်ပြန်ပြီး အိမ်က ဘိုးတော်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုမယ်လို့ ကျိုးချင်ထင်မိတယ် သူစီးပွားရေးလုပ်တာက သိပ်မကောင်းသေးဘူး လို့ အဖေက ထင်တာလား ? ကိစ္စမရှိပဲ ဘယ်လိုလုပ် နိုင်ငံခြားက မိုးကျရွှေကိုယ်ရောက်လာရတာလဲ !
ဒါ့ကို အိမ်ကဘိုးတော်ပြန်ပြောတာက
" လျှောက်မပြောနဲ့ ! ဒီတယောက်က မင်းအဖေ ငါ့ရဲ့ နံပါတ်ခုနှစ်ဦးလေးရဲ့ မြေး ! ဆွေမျိုးစပ်ရမယ်ဆို ရှောင်ကျိုးကို မင်းက သူ့ကို ဦးလေးလို့ ခေါ်ရမယ် ၊ မင်းထပ် ဝါကြီးတယ် ! "ကျိုးချင် စိတ်ထဲကနေ ကောင်းနေပေါ့ ! ငါ့မှာ ဒီအရွယ်ကြီးရောက်မှ ဒီကောင်ကို ဦးလေးလို့ခေါ်ရမယ်ပေါ့ ! ဒါ့ကြောင့် ဒီလောက် မာန်ထနေတာပေါ့ !
" ကျွန်တော်တို့အိမ်က ဘာဆွေမျိုးတွေတုန်းကွာ ! "
" အင် ....သူတို့အိမ်ရဲ့ ကိစ္စက အနည်းငယ်ရူပ်တယ် ၊ နံပါတ်ခုနှစ်ဦးလေး အဲ့ဒီတုန်းက နိုင်ငံခြားထွက်ခဲ့ပြီး ဩဇီသူတယောက်ကို ယူခဲ့တယ်၊ သူတို့ရဲ့ သမီးအငယ်ဆုံးဖြစ်တဲ့ အဖေ့ရဲ့ အဒေါ်ပေါ့ ၊ အီတလီသားနဲ့ လက်ထပ်လိုက်တော့ အခုဆို ၊ မင်းရဲ့ ဦးလေးက သုံးပုံတပုံမှာ တရုတ်သွေး ၊ တပုံက ဩဇီသွေး ၊ တပုံက အီတလီသွေးပါနေတာပေါ့ ....ပြောသေးတာက အီတလီသွေးကလည်း မစစ်သေး...."
အေးရော , ဒီလောက်ကို ရှင်းပြနေတယ် !" ပြောရရင်တော့..." မျိုးတွေပေါင်းစပ်ထားတဲ့ မျိုးမစစ်လေးပေါ့ ! ကျိုးချင် ပြောမထွက်ရဲဘူး မဟုတ်ရင် သူအဖေက သူ့ကို ရိုက်မှာ သေချာတယ် !
ကျိုးဖေဖေက သားရဲ့ ဒီတယောက်ကို သိပ်လက်မခံနေချင်တာတွေ့တော့ ခပ်အေးအေး နှစ်ချက်လောက်ရယ်လိုက်ပြီး
" ငါ့သား , မင်း သူများကို အထင်မသေးနဲ့ ! သူများက နှစ်ဆယ့်နှစ်ပဲ ရှိသေးတယ်ဆိုပေမဲ့ Cambridge University ရဲ့ PhD ဘွဲ့ရထားတာလေ ! "
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer