《တောခပ်ကျကျ 》3
အရင်တုန်းက ယန်းချင်း တခေါက်ကြုံခဲ့ဖူးတယ် ၊ ဧည့်သည်တယောက်က သူ့မိန်းမ နိုင်ငံပြင်ပကို အလုပ်နဲ့ခရီးသွားလို့ သူ့ကို သူအိမ်ခေါ်သွားခဲ့တယ် ၊ မထင်မှတ်တာက ထိုနေ့က လေယာဉ်အချိန်မှားပြီ လူက ညကျတော့ ပြန်လာခဲ့တယ် !သူလည်း ဘယ်လိုလုပ် အဲ့ကိစ္စကို စဉ်းစားမိသွားလည်း မသိဘူး ၊ အခု အခြေအနေကလည်း စည်စည်ကားကားပါပဲ ။
အကြမ်းအားဖြင့်တော့ ချီရှောင်ပင်းကို ကျိုးချင်ကပြန်လာပို့ချိန် ကျွမ်းကျယ်က နိုးသွားတယ် ၊ နှစ်ယောက်သား မျက်နှာချင်းဆိုင်ဆုံတော့ စကားများကြပြီလေ ။ချီရှောင်ပင်းဘေးက ကြည့်နေရင်း သူတို့လက်ပါလာတော့မှာတွေ့တာနဲ့ ဖြောင်းဖြလို့မရမှန်း သိတာနဲ့ ဘေးမှာ အိပ်နေတဲ့ ယန်းချင်းကို လူပ်ကန်နိုးလိုက်တယ် ။
" အာ..…." သန်းဝေရင်းနဲ့ ယန်းချင်း ဖြည်းဖြည်းနိုးလာတယ် , တင်ပါးနားမှာ အနည်းငယ်ယားနေတော့ လက်ဆန့်ပြီး ကုတ်လိုက်သေးတယ် ၊ လတ်စသတ်တော့ ကြာပွတ်ရာပဲ ၊ ကုတ်မိလိုက်တော့ နာလွန်းလို့ ဆတ်ကနဲ လုံးဝကိုနိူးသွားပါလေရော ။
နောက်တော့ မျက်စိရှေ့က အဖြစ်အပျက်ကို မြင်ဝာာနဲ့
" ဘာလုပ်နေကြတာလဲ ? ! တညလုံးသောင်းကျန်းထားတာကို အားကျန်သေးရင် အပြင်မှာ သွားချကြ! "အနည်းဆုံး ဒီနေရာက သူ့နေရာလေ ၊ အချဉ်အိုးတွေ သွန်ကြမယ်ဆိုလည်း သူ့အခန်းထဲ မသွန်ကြနဲ့လေ !
" ဟွန့် ! မင်းပြောတော့ ရှောင်ချီကို တကယ်နှစ်သက်တာဆို , ဘာလို့ သူနဲ့ ကုတင်ပေါ်တက်နေသေးတာလဲ ? "
ကျိုးချင်က အနိုင်ကွက်တကွက်ရလိုက်သလိုပဲ ကျေနပ်စွာ အနိုင်ပိုင်းနေတယ်လေ ။" မင်းက တက်မလုပ်ဖူးတာကြနေတာပဲ , ဒီကောင်က ဖင်ဗြောင်နဲ့ ငါ့ကို ဖြားယောင်းနေတာလေ ၊ ရှောင်ချီကို မတွေ့ တော့ ငါဘာတတ်နိုင်မှာလဲ ! "
ဟောကြည့် ! သူ့နဲ့လည်း ဘာမှမဆိုင်ပဲနဲ့ ။
ကြည့်ပါအုံး , ချီရှောင်ပင်းရဲ့ အကြည့်တွေက အေးစက်နေတာမှ ကျောတောင်တုန်တက်သွားတယ် ။
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer