ကျေးဇူးတင်လွှာ

996 132 16
                                    

ကျေးဇူးတင်လွှာ

တောခပ်ကျကျ စာအုပ်လေးက
ယန်းချင်း character လေးကို သဘောကျလို့ ရေးခြင်းဖြစ်ပါတယ် ။
ဒီဝတ္ထုရဲ့ character တယောက်ချင်းစီကိုလည်း သေသေချာချာမြင်အောင် မူလ စာရေးဆရာကရေးတတ်လို့လည်း နှစ်သက်မိပါတယ် ။
ဒီဝတ္ထုက အမှန်တော့ ကြာခဲ့ပါပြီ ၂၀၀၉ ထဲကပါ။

ဒီစာအုပ်က 俗不可耐 တရုပ်အသံသရုပ်ဆောင်ဇာတ်လမ်းကို နားထောင်လို့ သဘောကျပြီး ဝတ္ထုကိုဖတ်ပြီး နှစ်သက်တာမို့ ဘာသာပြန်ရေးခဲ့တာဖြစ်ပါတယ်၊ မျက်ရည်ပါ ကျခဲ့မိတယ် ။

အသံဇတ်လမ်းနဲ့ ဝတ္ထုမှာ မတူတဲ့ အချက်အလက်သေးသေးလေးတွေ ရှိနေပါတယ်
ဥပမာ ကျွမ်းကျယ်က ယန်းချင်းကို ကာကွယ်ဖို့ နောက်လိုက်ဖို့ လူလွှတ်ထားလေ့ရှိတာတို့
ကျွမ်းကျယ်က ယန်းချင်းကို ရိုက်တာတွေကို လည်း ဇာတ်လမ်းထဲမှာ လျော့ထားပါတယ် ။

ဒါပေမဲ့ ဒီဝတ္ထုလေး လူကြိုက်နည်းတာမို့ အားလျော့ခဲ့ရပါတယ် ။
ကိုယ်စတဲ့ ဝတ္တုမို့ ပြီးအောင် မနည်းအားတင်းရေးခဲ့ရပါတယ်။

အားပေးသူ comment ပေးသူ တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်နော် ။
ဟိုစာအုပ်လေး ရေးပါ ဒီစာအုပ်လေး ရေးပါလို့ လာပြောပြသူများကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီမှာ တခုပြောပြချင်တာက သာသာက စာအုပ်နာမည်များကို နောက်ဆုံးမှာ ရေးလေ့ရှိပါတယ် ။

ပထမ တအုပ်နဲ့မတူတဲ့ type ကို ကြားဖြတ်ရေးဖို့ ကြိုးစားခဲ့တာမို့ ဒီစာအုပ်မှာ ဆဲတာပါ‌တာတွေ ကို မပြန်နိုင်ခြင်းကတော့ သာသာရဲ့ အားနည်းချက်ဖြစ်ခဲ့ရပါတယ် ။

ဒီတအုပ်ပြီးလို့ ခေါင်းအေးအောင် ခဏနားပြီး
နောက်တအုပ်ကတော့ လူစားထိုး ကို ရေးဖို့ ကြိုးစားပါပြီနော် ။
လူစားထိုးစာအုပ်ကလည်း အတော်တော့ ရှည်တာမို့ ရေးဖို့ အားအတော်ဖြည့်ရပါမယ် ။

စာလုံးပေါင်း အမှားအမှန်တွေကို မတင်ခင် နေ့တိုင်းပြင်ပေး ပြောပေးပါသော ချစ်ရသော မကြီးကိုလည်း ကျေးဇူးတင်ပါတယ် ။

အားလုံးနေ့တိုင်း ဘေးဘယာတွေ ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
                                              MayTulipslove

You've reached the end of published parts.

⏰ Last updated: Dec 14, 2023 ⏰

Add this story to your Library to get notified about new parts!

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now