2 တောခပ်ကျကျ

1.3K 100 6
                                    

2 တောခပ်ကျကျ

  ချီရှောင်ပင်း ဝတ်စားပြင်ဆင်ပြီးလို့ ထွက်ဖို့တာစူနေပြီ ၊ ဒါပေမဲ့ အဲ့ဒီယန်းချင်းက ဘာတွေ လုပ်ပြီအချိန်ကြာနေသေးလဲမသိဘူး !

  သူ နာရီကို လေးခါမြှောက်ကြည့်လိုက်တဲ့အချိန်မှ ယန်းချင်းထွက်လာပြီ။

  " လာပြီ ! လာပြီ ! အခေါက်တိုင်း လောနေတာပဲ ! အသက်ပါလောနေသလိုပဲ !

    ချီရှောင်ပင်းသူ့ကို ကြည့်လိုက်တယ် ! ချက်ပေါ် crop top , ဘောင်းဘီဖင်ကျပ် , တကယ့်ကို တောကျကျ ညုတုတုဒီဇိုင်းနဲ့ !

   " မင်း အခေါက်တိုင်း ဒီလိုဝတ်တော့မှာလား ! သူများတွေကြည့်ရင် ရောင်းနေတာမှန်း မသိမှာစိုးလို့လား ! "
မအောင့်နိုင်ပဲ အပြစ်တင်မိပြီး ချီရှောင်ပင်း တံခါးဖွင့်ကာ သွားတော့မယ် , ခဏနေ သူ့နဲ့ ဆယ်မီတာအကွာအဝေးမှာ နေမှရမယ် !

   " မင်းဒါတော့ နားမလည်တော့ဘူးမလား , ဒါက ငါ အလားအလာရှိတဲ့ ဧည့်သည်တွေကို ဖော်ထုတ်နေတာလေ ! "

   ယန်းချင်းက ခပ်ဆဆဖြင့်တင်ပါးလေးနှစ်ချက်လောက် လိန်လိုက်တာကို ချီရှောင်ပင်း ကြည့်ပြီး မျက်ဖြူလန်ပြတော့တယ် ။
မထင်မှတ်တာက သူတို့တိုက်အောက်ကို ရောက်တာနဲ့ အဖြူရောင် BMWကားတစ်စီးက အပြင်မှာရပ်ထားပြီလေ ပြည်သူ့အိမ်ရာအဟောင်းပုံစံတိုက်ရှေ့မှာ BMW ကားရပ်ထားတာက တော်တော်တော့ မလိုက်ဖက်နေဘူး။

   ကားထဲကြည့်လိုက်တာနဲ့ အော် ! မနေ့က လူနှစ်ယောက်ပဲ !

   " yo! သခင်လေးကျိုး , သခင်လေးကျွမ်း! ဒါက ကျနော်တို့ကို သက်သက်လာကြိုတာလား ? "
  ယန်းချင်းက တချက်ကြည့်လိုက်တာနဲ့ ဘယ်လိုဖြစ်တာဆိုတာ သဘောပေါက်နေပြီ , ပြတင်းပေါက်ထဲကိုကြည့်လိုက်တော့ ‌ထင်ထားတဲ့အတိုင်း နှစ်ယောက်လုံး မျက်မှောင်ကြုတ်‌နေကြတယ်။

   " ငါတို့သွားမယ် ! "
  ချီရှောင်ပင်းက အေးစက်စက်ဖြင့် သူ့ကို ဆွဲပြီး သွားတော့မယ်။

  " မလုပ်ပါနဲ့ ! ကားရှိပြီး မစီးတာ မင်းမှားမှာပေါ့ ! "
ကားတံခါးဆွဲဖွင့်ပြီး သူအရင် ဝင်ထိုင်လိုက်တယ် သူ 'မအ'ပါဘူး ဒီအခြေအနေက ဘယ်သူအတွက်လာတာလဲ သိတာပေါ့ ။

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now