《တောခပ်ကျကျ》12
ကျိုးချင် ဆန္ဒပြည့်မပြည့်တော့ ယန်းချင်းမသိဘူး , သူသိတာက သူနိုးလာတဲ့အချိန်မှာ နှစ်ယောက်လုံးမရှိတော့ဘူး ။
အချိန်ကြည့်လိုက်တော့ တနာရီရှိတော့မှာမို့ အစားတခုခုအဆင်ပြေတာလေး လုပ်စားလိုက်ပြီး ကျွမ်းကျယ် လာကြိုမှာကို စောင့်နေလိုက်တယ်အချိန်မှန်မှန်ပဲ တိုက်အောက်မှာ ကားဟွမ်သံကြားလိုက်ရတယ် ၊ ယန်းချင်းက ပြတင်းပေါက်ကနေထွက်ပြီး အောက်ကို တချက်ကြည့်လိုက်ပြီး ခပ်သွက်သွက်ပဲ အပြင်ကို ထွက်လိုက်တယ် ။
" ဟော ! ဒီနေ့တော့ ဝတ်ထားတာ လူလူသူသူနဲ့ပါလား "
ကျွမ်းကျယ် ရယ်ကာ ပြောတယ် သူ့ကိုယ်ပေါ်ကို တချက်ရူကြည့်လိုက်သေးတယ်
" အင်း ၊ မင်းရဲ့ တဆယ်တန်ရေမွှေး မဆွတ်လို့ တော်သေးတယ် "'ယန်းချင်း ပြန်ခံမပြောဘူး , ဒီနေ့ သူ နည်းနည်း...စိတ်လူပ်ရှားနေသလိုပဲ ။
" ဘာဖြစ်တာလဲ ? အသွားတာလား ! "
ပုံမှန်ဆို သူ့ပါးစပ် အားတာကို မမြင်ဖူးဘူးလေ ၊ ဒီနေ့က ဘာဖြစ်တာလဲ ?
ကျွမ်းကျယ်က သူ့မျက်စိရှေ့မှာ လက်ဝှေ့ယမ်းလိုက်တယ် ။" ငါပြောမယ် ငါတို့ ဒီလိုသွားတာ အဆင်ပြေပါ့မလား ? ပြီးမှ မင်းအိမ်ကလူတွေ စိတ်ဆိုးနေအုံးမယ်ဗျ ...ပြီးတော့ , တခုခု ဝယ်သွားရမလား ? လက်ဗလာနဲ့ သွားရင် မသင့်တော်ဘူး"
" ရပ်ရပ်ရပ် ! ယန်းချင်းရေ ၊ငါပြောမယ် မင်း တကယ်များ ထင်နေတာလား ? ဒီနေ့ ဒီအတိုင်းသွားရုံသက်သက်ပဲ တခြားဘာမှ ဂရုမစိုက်နဲ့ ၊ စားပြီးပြန်လိုက် , ကျန်တာတွေက ငါ့ဘာသာငါ သူတို့ကို ပြောမယ် ၊ ဘာတွေစိတ်ပူနေတာတုန်း "
ယန်းချင်းက သူ့ရဲ့ အပြောကြောင့် မျက်နှာလေးနီသွားခဲ့တယ်
" ဘယ်သူက ဟန်ဆောင်မှန်းမသိလို့လဲ ၊ ငါက မင်းအတွက်စဉ်းစားပေးတာလေ ! တကယ်ပဲ မဆိုင်တာ ပူပေးရတယ် ! "" ဟဟ! ရပြီ , ဒါဆို သွားမယ် ! "
ကျွမ်းကျယ်ရဲ့အိမ်က ကိုယ်ပိုင်ဝန်း ကိုယ်ပိုင်ခြံနဲ့ ခြံတံခါးဝမှာ ရဲတပ်သားနှစ်ယောက်ကစောင့်နေသေးတယ် ။
ကျွမ်းကျယ် ကားမောင်းပြီး ဝင်သွားတာနဲ့ ဖပ်ဖပ်! ဆိုပြီး ရဲတပ်သားဂါဝရအပြည့်ပေးလေတယ် ။
YOU ARE READING
တောခပ်ကျကျ Myanmar Translation( Complete)
Short Storyတောခပ်ကျကျ 俗不可耐 作者:三更雨 Money boy bl type ဖြစ်တာကြောင့် စကားလုံးတွေ သိပ်မယဉ်ပါဘူး မီးနီနဲ့ ဇတ်လမ်းနဲ့ မျှချေပါ လက်မခံနိုင်သူများ လက်ရှောင်နိုင်ပါတယ် Photo from Pinterest Novel type Chinese translation No copy right Credit to original writer