တောခပ်ကျကျ extra 4

1.2K 107 2
                                    

တောခပ်ကျကျ extra 4

ကျွမ်းကျယ် တခေါက်က သောက်တာများပြီး ယန်းချင်းကိုပြောတယ် မင်းကို ဘာလို့ မျက်စိကျသွားလဲ ငါ အခုထိ ကိုယ့်ကို နားမလည်နေဘူး !
ဒီအတွက်နဲ့ ယန်းချင်းက အမြဲစိတ်ပူနေခဲ့တာလေ ၊ တရက်ကျရင် ငကျွမ်းကတော့ တချက်တည်းနဲ့ ကန်ထုတ်ပစ်မှာပေါ့ နောက်ဆို ကိုယ့်ကိုပဲ အားကိုးရမှာ !

ကျွမ်းကျယ်က ယန်းချင်းကို အရင်လမ်းကြောင်းကို မပေးလျှောက်ခဲ့တာ နှစ်ဝက်ကျော်ပြီလေ ၊ နောက်နှစ်ရက်လောက်ဆို နှစ်သစ်ကူးတော့ာမို့ သူ့မှာ ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးဖို့ လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်နေပြီလေ ။
မထင်မှတ်ပဲ အိမ်တံခါးဝမှာ လူရင်းနဲ့ တွေ့သေးတယ်လေ ။

" ...ခင်များ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ ?! "
သူ့ ခဏလောက်ကြောင်သွားတယ် ပြီးမှ ကွယ်ရာထောင့်ကို ဆွဲသွားရရှာတယ် ။
" ကောင်စုတ်လေး မင်းအမေနဲ့ ဒီလိုလေသံနဲ့ ပြောရသလား ? "
အခု သူ့ပိုက်ဆံကို မျှော်ကိုးနေလို့ မဟုတ်ရင် လက်တချက်တည်းနဲ့ တွယ်လိုက်ပြီ !
" ဟို အမျိုးသမီးကော ? "
" ** ! သေပြီ ! သူမ ငါ့ကို တပြားမှ မချန်ပေးခဲ့ဘူး ၊ သူမသားအတွက်ပဲ ချန်ခဲ့တာ "

ယန်းချင်းရဲ့ အဖေ လွန်ခဲ့တဲ့ သုံးနှစ်က အသက်ကြီးကြီးမိန်းမနဲ့ ချိတ်မိကြတယ်လေ ၊ သူ့အဖေ့ထက် အသက်နှစ်ဆယ်တောင်ကြီးသေးတယ် ၊ ငွေအနည်းငယ်ရှိတယ် ပြောလို့ရတယ် ၊ ဒီလောက်အမြန် သေလိမ့်မယ်လို့ မထင်ထားဘူး ....

" မင်းအခုတလော အဆင်ပြေနေတယ် ကြားတယ် ငါ့ကို ငါးသောင်းလောက်ပေးလေ ၊ ငါ‌ နေစရာ နေရာရှာရမယ်"

" ငါးသောင်း ?! မင်း အခုမှ လောကထဲဝင်တာလား ! ငါ လူဘယ်နှစ်ယောက်နဲ့ အိပ်မှ ယွမ်ငါးသောင်း ပြည့်အောင် စုပြီး ပေးရမှာလဲ ! ငါ့ရဲ့ အဖေအရင်းရဲ့ ! ကျနော့်ကို ချမ်းသာပေးပါ ! "
အမှန်တော့ ယန်းချင်း သူတို့ကို ဂရုမစိုက်ချင်တာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ခြေစောင့်လက်စောင့်တော့ ထားရမယ်မလား သူတို့က လေးဆယ်ကျော်နေပြီမလား သူကိုယ်တိုင်ကလည်း မကောင်းမဆိုးလေးနဲ့ ဖြတ်သန်းနေရတာ တရက်ရက် ကျွမ်းကျယ်က စိတ်ကူးပေါက်လို့ သူ့ကို ကန်ထုတ်လိုက်ရင် သူက လေထိုင်မျိုနေရမှာလား ? သူတို့တအိမ်လုံး လေမျိုနေရမှာလား ? သူ့ရဲ့ စုထားတဲ့ ငွေက အသက်ကယ်ဖို့ ထိလို့မရဘူး ။
ဒါပေမဲ့ သူ့အဖေက နားမလည်ဘူး ၊ လက်က ပါလာပြီ သူ့ကို ကလေးတုန်းကလို ခံမယ်မှတ်နေတုန်း ။

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now