《တောခပ်ကျကျ》17

658 79 5
                                    

《တောခပ်ကျကျ》17

ဒုတိယရက် ၊ တတိယရက် တွေမှာ ယန်းချင်းက ချီရှောင်ပင်း အိမ်ပြန်ရောက်မှသာ အပြင်ကို ထွက်လာတယ် ။

သူနာပြုက ကြည့်ပေးတယ်ဆိုပေမဲ့လည်း အကြာကြီး မနေရဲဘူး ။
လေးရက်မြောက်ညမှာတော့ ယန်းချင်း သူ့ကို ထပ်သွားကြည့်တယ် ။
နောက်ဆုံးတော့ သူနာပြုက အထဲမှာရှိနေတယ် ။
" သူ ဘာဖြစ်လို့လဲ ? "
ယန်းချင်က ကျွမ်းကျယ် အစကတည်းက ဘာမှမဖြစ်တော့ဘူး တွေးထားတာလေ ၊ ဆေးရုံမှာ နေနေတာက အိမ်ကလူတွေ သနားအောင်လုပ်ပြနေတယ် ထင်ထားတာပါ ။ မထင်မှတ်ပဲ ဒီနေ့ ဒီလို ကျွမ်းကျယ်ကို တွေ့ရတယ် !
မျက်နှာက သဘာဝမကျစွာ နီရဲနေတယ် ၊ နေလို့မကောင်းနေတာမို့ သူ့ကို ထိန်းထားတာကို ရုန်းထွက်ချင်နေတယ် ပါးစပ်ထဲကလည်း ညည်းကာ ရေရွတ်နေတယ် ၊ ဘာပြောနေလဲတော့ မကြားရဘူး ။

" သူအခု ကိုယ်ပူနေလို့ လျှောက်ပြောနေတာ "
သူနာပြုက ကိုယ်အပူချိန်တိုင်းတံကို ယူထုတ်လာပြီး
" 39.3 ၊ အတော်ပူတယ် "

" ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ ? မနေ့ကတောင် အကောင်းကြီးပဲ ! "
ယန်းချင်း အနည်းငယ် ပြာသွားတယ် အကောင်းကနေ ဘာလို့ အဖျားပြန်ထရတာလဲ နားမလည်ဘူး ၊
" ဒါမှမဟုတ် ကျနော် ဆရာဝန်သွားခေါ်ရမလား ! "

ထို သူနာပြုက အပြင်ကို ပြေးထွက်တော့မဲ့ ယန်းချင်းကို လှမ်းတားလိုက်တယ်။
" ပြန်လာခဲ့ ! ဆရာဝန် ခဏကမှ လာကြည့်သွားတာ , ဘယ်သူက သူ့ကို စကားနားမထောင်ခိုင်းလို့လဲ ၊ ကိုယ်ပေါ်က ဒဏ်ရာတွေတောင် အရှင်းမကောင်းသေးဘူး ၊ခေါင်းကလည်း အနည်းငယ် ထိထားတာကို ရေရ‌အောင်ချိုးတယ်လေ ! ဘယ်လိုဖြောင်းဖြဖြောင်းဖြမရဘူး ဘယ်လိုလဲ ? ကိုယ်ပူပြီမလား ! "
တကယ်ပဲ ! ရုပ်ကခန့်ခန့်နဲ့ ဒီလောက်ခေါင်းမာတယ် !

" ကိုယ်ပူကျဆေး ထိုးထားပေးပြီးပြီ , ချွေးထွက်လိုက်ရင် ကောင်းလောက်ပြီ "
သူနာပြုက စိတ်ပူနေသောမျက်နှာနဲ့ ယန်းချင်းကို ကြည့်လိုက်ရင်း
" ကဲ , ငါသူ့ကို ကြည့်ပေးရမလား မင်းကြည့်မလား ? "
သူမ လက်ထဲက ချွေးသုတ်ပုဝါကို ရမ်းပြလေတယ် ။

" ....ငါ့ကို ပေးလိုက်ပါ , ခင်ဗျား သွားနားပါတော့ ၊ နေ့တဝက်လောက်ပင်ပန်းပြီးပြီ "

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now