《တောခပ်ကျကျ》18

791 89 9
                                    

《တောခပ်ကျကျ》18

" ကျွမ်းကျယ် ရူးနေပြီလား , သူ တကယ်ပဲ အဖိုးပေးထားတဲ့ သူ့ရဲ့ အခန်းကို ကြက်သိုက်ထားတဲ့နေရာလုပ်ထားတာလား ?! "

လူနှစ်ယောက် ရောက်လာခဲ့တယ် ၊ ဖြစ်ချင်တော့ ယန်းချင်း သူတို့ကိုသိနေတယ် ၊ ကျွမ်းကျယ်ရဲ့ အစ်ကို နှစ်ယောက်ဖြစ်တယ် ၊ သူ ကြောက်ရတဲ့ သူတွေဖြစ်တယ် ။ ခဏက စကားပြောလာတာက ဒုတိယအကိုကျွမ်း ၊ ကျွမ်းချဲ့ဖြစ်တယ် ။

ကျွမ်းအစ်ကိုကြီးလည်း သူ့ကို မြင်တာနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ လောကကြီးထဲ ကြုံဆုံရတာများပြီး ရင်ဆိုင်မှုတိုင်းမှာ မျက်နှာထားထိန်းနိုင်တဲ့ နိုင်ငံခြားရေးသံတမန်က ဒီလို မျက်နှာထားဖြစ်သွားတယ်ဆို ယန်းချင်းကို ဘယ်လောက် အမြင်ကပ်လည်း တွေးကြည့်လို့ရတယ် !

" ကျွမ်းကျယ်ကော ? ဒီမှာ မင်းတယောက်တည်းမဟုတ်ဘူးမလား ? "
ကျွမ်းအိမ်ကအစ်ကိုကြီးက သူ့ကိုကြည့်တဲ့ အကြည့်ကိုမြင်ပြီး ယန်းချင်းကို တုန်သွားစေတယ် ။

ဒီလိုဖြစ်တာတောင်မှ ယန်းချင်းက လည်ပင်းလေးကုပ်ကာ ပြောတယ်
" သူတို့ ထွက် ၊ ထွက်သွားပြီ "
မသိစိတ်က သူတို့ကို အပေါ်ပေးတက်လို့မရဘူးလို့ သိနေတယ် ၊ အကယ်၍ သိသွားကြရင် ကျွမ်းကျယ်ကို သူတို့အိမ်မှာ ပိတ်ထားကြလိမ့်မယ်ထင်တယ် ။

" ဒါဆို သူပြန်လာတယ်လို့ မင်းဝန်ခံတယ်ပေါ့ ? "

ဒုတိယအကိုကျွမ်းက သူ့ရဲ့ လက်မောင်းကို ဆွဲညှစ်ပြီးမေးတယ် , နာလိုက်တာ !
ယန်းချင်း စိတ်ထဲကနေပဲ သူတို့ကို ဆဲရဲတယ် ၊ ထွီ ! တယောက်က ဝင်သွားတာနဲ့ အနောက်ကရောက်လာတာ နောက်ယောင်ခံလိုက်လာတာပဲကို ! တကယ်ဟန်ဆောင်နိုင်ကြသူတွေ !

" သူ ငါ့တို့ကို ဖုံးကွယ်ပြီး ဆေးရုံကဆင်းတယ် ၊ ထွက်လာတာနဲ့ အိမ်လည်း မပြန်ဘူး ဒီကို တခါတည်းလာတယ် ၊ အမေတောင် သူ့ကြောင့် စိတ်ဆိုးပြီး မူးလဲတော့မယ် ! "
ဒီနေ့က အိမ်မှာ ဖခင်ကြီးက ရှိတောင့်ရှိခဲရှိနေတာမို့ ၊ ဒီနှစ်ရက်ကလည်း အလုပ်တွေပြီးလုနီးပါးဖြစ်နေတော့ ကျွမ်းကျယ်လည်း အထူးမဖြစ်နေတာကြောင့် အိမ်ကြိုပြန်မယ်ပေါ့ ၊ မထင်မှတ်ပဲ ဆေးရုံရောက်တော့ လူက ဆေးရုံကဆင်းသွားပြီ ! ပြောစရာမလိုဘူး ဒီအောက်တန်းစားကို လာရှာတာ သေချာတယ် ! သူတို့အမေက စိတ်တိုလွန်းလို့ မူးလဲတော့မယ် သူတို့ ညီအစ်ကို နှစ်ယောက်က ကြည့်မရလို့ ညီလေးကို ထွက်ရှာတာဖြစ်တယ် ။

တောခပ်ကျကျ Myanmar Translation( Complete)Where stories live. Discover now