ဘိုးဘွားရိပ်သာရောက်တော့ မက်သရူးက အဘိုးအဘွားတွေနဲ့ အဆင်ပြေပြေစကားတွေ ပြောနေတာမြင်တော့ ဟန်ဘင်း ချစ်တယ်ဆိုတာက အပိုဒီဂရီ တရိပ်ရိပ်တိုးတယ်။
ဒီကောင်လေးက အရင်က သူသိခဲ့တဲ့ ဆော့မက်သရူးနဲ့ မတူတာတော့ အမှန်ပင်။ ဒီလို အခြေအနေတွေမှာ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲရတယ်ဆိုတာကြီးက ဖြစ်လာစရာမလိုတော့ဘူး မလား။ ဟင့်အင်း သေချာပေါက်မဖြစ်ရဘူး။ ဒီတစ်ခါတော့ သေချာပေါက် သူ့ဘက်က မက်သရူး သဘောကျတာတွေ မလုပ်ဖို့ လိုက်မပိတ်ပင်တော့ဘူး။
"မက်ထျူး မပျင်းဘူးလား"
"ဟင့်အင် ပျော်စရာ ကောင်းတယ်"
"တကယ်လား"
"အင်းလေ"
မက်သရူး ပျော်ရတယ်ဆိုတဲ့ စကားက ဟန်ဘင်းကို ပိုပျော်စေတယ်။
ဟန်ဘင်းနဲ့ မက်သရူး အခြေအနေက မြန်မြန်လေး တိုးတက်လာတယ်ပြောရမယ်။ တစ်ယောက်ကို တစ်ယောက် Flirt နေတဲ့ အခြေအနေပေမယ့် မက်သရူးကျောင်းကို အပို့အကြို လုပ်နေရပြီ။
မက်သရူးကျောင်းကို လိုက်ပို့ပြီးတော့ စိတ်ထဲ မရှင်းတာရယ် သိချင်စိတ်ရယ်ကြောင့် ကျောင်းသိပ္ပံဆောင်ဘက်ကို လျှောက်လာခဲ့တော့ သိပ္ပံစာကြည့်တိုက်မှာ ဟန်ဘင်းကို နာရီပေးထားခဲ့တဲ့ သိပ္ပံစာကြည့်တိုက်မှုးကိုတွေ့တယ်။
”အာ ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး”
”ဗျာ”
”ကျွန်တော်လေ မသိဘူးလား”
”ဘယ်သူလဲ”
”အာ လူမှားတာ ထင်တယ် တောင်းပန်ပါတယ်”
2023မှာမှ သိမယ့် ဆက်ဆံရေးပဲ။ ဟန်ဘင်း သတိကပ်တာ မြန်ပေလို့ပဲ။ 2023 ကို ခဏလောက် သွားရရင်ကောင်းမယ်။ မက်သရူးနဲ့ သူ့အခြေအနေကို သိချင်တာမို့။
“လူနှစ်ယောက်ကသာ တူညီတဲ့ အချိန်ကို သွားဖို့ စိတ်ဆန္ဒပြင်းပြရင် နာရီကိုလှည့်ပြီး ခရီးသွားလို့ ရတယ်” တဲ့ ။
ဒီတော့မှ ဟန်ဘင်း အသိဝင်လာတယ်။ သူ့လို့ပဲ အချိန်ခရီးသွားနေတာ ဘယ်သူလဲ။ သိပ္ပံစာကြည့်တိုက်မှုး မဟုတ်ရင် တခြားတစ်ယောက်ပေါ့။ ဟန်ဘင်း သူ့ကို တွေ့ချင်လိုက်တာ။ ဟန်ဘင်း 2023 ကို ခဏ ပြန်သွားချင်လိုက်တာ။ ဟန်ဘင်း ပြန်ထွက်မလို့ပြင်တဲ့ ခဏလေးမှာပဲ မူးမိုက်သွားတယ်။ မျက်စိပြန်ဖွင့်လိုက်တော့ 2023 က သိပ္ပံစာကြည့်တိုက်မှာ။
