အပြန်တော့ မက်သရူး အိမ်ရှေ့အထိ လိုက်ပို့ပေးဖြစ်တယ်။
"မက်သရူး"
"ဗျာ"
"ကိုယ်တို့ နောက်တစ်ခေါက်ဒိတ်ဖြစ်ဦးမလား"
"အစ်ကိုဟန်ဘင်း ဆန္ဒရှိရင်ပေါ့"
"အစ်ကိုတို့ ဒိတ်ရအောင်"
"သေချာစဉ်းစားပါဦး။ ကျွန်တော်ကတော့ ...."
စကားဆက်မလာဘဲ မက်သရူးက စဉ်းစားနေပုံက အသည်းယားစရာ။
"ကိုယ်တို့ ဒိတ်ရအောင်နော်"
မက်သရူးက ခဏတွေပြီးမှ ခေါင်းငြိမ့်ပြတာမို့ ဟန်ဘင်း ပျော်သွားတယ်။ ပြီးတော့မှ သတိရကာ
"မက်သရူး ဖုန်းနံပါတ်နဲ့ Social media acc ရမလား"
ဟန်ဘင်းမေးလိုက်တော့ မက်သရူးက ရယ်ချင်စိတ်ကို ထိန်းကာ ပေးတယ်။
ဘာလဲ သူလုပ်ပုံက ရယ်စရာကြီးလား။ အရင်တုန်းက မက်သရူးဆီက
"ကိုကိုက အဘိုးကြီးလိုပဲ"
ဆိုတဲ့ မှတ်ချက်ကို ခဏခဏရဖူးတယ်။ မဖြစ်ပါ။ သူ့ထက် တစ်နှစ်ပဲ ငယ်နေတဲ့ ကောင်လေးက အဘိုးကြီးဆိုပြီး ညည်းညူနေမှာကို မဖြစ်။
တကယ်တော့ မက်သရူးဖုန်းနံပါတ်ကို ဟန်ဘင်း အလွတ်ရပြီးသားပင်။ ဒါပေမယ့် မတောင်းဘဲ သိနေတာမျိုးက ယုတ္ထိမရှိဘူးမလား။
"အစ်ကို့ နံပါတ်က"
"အစ်ကို ဆန္ဒရှိမှ ဖုန်းဆက်ပါ"
မက်သရူးက အဖြေကို မှန်းရခက်တဲ့ ပုစ္ဆာတစ်ခုလို။ ဒါပေမယ့် ဟန်ဘင်းကတော့ အလွန်ပျော်ပါတယ်။
ဟန်ဘင်း အခန်းပြန်ရောက်တာနဲ့
"အစ်ကို နောက်ကျလိုက်တာ အိုခေလား"
"အင်း အိုခေပုံပါပဲ"
"အစ်ကိုဂျီ၀န်းကတော့ နိုးအိုခေ"
ဂယူဘင်းက ပြောရင်း ဟန်ဘင်းခုတင်ပေါ် တက်လှဲတယ်။
"ဘာလို့လဲ"
"အကြိုက်မတူဘူးတဲ့"
"ဪ ထယ်ရယ်ရော"
"ထယ်ရယ်ကတော့ ပျော်မြူးပေါ့။ ရစ်ကီကို မတရားကြွေနေတာ။ ဟိုခွေးအကြောင်းမသိသေးတော့"
