"ဂိမ်းအကောင့်တောင်မရှိဘဲနဲ့ ကိုကိုက..."
"အင်း မက်သရူး ဖွင့်ပေးလေ"
"ခဏလေး ခဏလေး အစ်ကိုဟန်ဘင်းက တစ်ခါမှ မဆော့ဖူးရင် ပါလို့မရဘူး။ ခုက ကျောင်းကကောင်တွေနဲ့ ချိန်းတိုက်မှာ။ ရှုံးရင်...."
ဂွန်ဝု စကားကြောင့် ဂိမ်းမကစားတတ်တာကို အပြစ်တစ်ခုလို သိမ်ငယ်သွားတယ်။
"နောက်တစ်ယောက်မရှိဘူးနော်"
"ဂယူဘင်း"
"ငါက ကလေးဖုန်းကနေ ကူကြည့်ပေးမှာ"
"ရတယ် ကိုကိုဖုန်းပါ ငါတွဲဆော့မယ်"
"ရှုံးရင် သေအောင်သတ်မှာနော် ဆော့မက်သရူး"
ထယ်ရယ်ကပါ စကားဝိုင်းထဲ ၀င်လာတယ်။ ဂိမ်းက ဒီလိုမျိုး အတည်ပေါက်တွေ ကစားရတာလား။
"မဟုတ်ရင်လည်း ကိုကို့အစား ရစ်ခီကို ထည့်"
"ကျွန်တော်က ဂိမ်းကစားရတာ မကြိုက်ဘူး"
ရစ်ခီက ငြင်းလိုက်တော့ ဟန်ဘင်း ကူကယ်ရာမဲ့။
"ကိုကို ကစားကြည့်ချင်လား"
"ကစားကြည့်ချင်ပေမယ့်..."
"အိုခေ ကိုကို ကျွန်တော်နောက်မှာနေနော်"
"အင်း'
ဟန်ဘင်း မက်သရူးနောက်ကို ရပ်လိုက်တော့ မက်သရူးက ရယ်ကာ
"ဂိမ်းထဲမှာ ပြောတာ"
"ဒါက ကျွန်တော် ကိုကိုက ကျွန်တော်နောက်ကပဲ လိုက်နော်။ ပစ်ချင်ရင် ဒီခလုတ်ကို နှိပ်ပစ်ရတာ အိုခေ"
"အင်း"
မက်သရူးနောက်က ထပ်ကြွာမကွာ ကပ်လိုက်ရင်း
"ကိုကို ပစ်တော့"
ဆိုတာနဲ့ ပစ်တယ်။ ဂိမ်းက ရုတ်တရက်ရပ်သွားတော့ ဟန်ဘင်းကြောင်နေတုန်
"ရေး"
သူ့ဘေးက မက်သရူးက ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်နေရင်က
"ကိုကို နိုင်သွားပြီလေ"
"ဪ"
"ဘာက ရယ်ရလဲ သိလား။ ဂိမ်းနိုင်တာတောင် မသိတဲ့ အစ်ကိုဟန်ဘင်းက အမှတ်အများဆုံး။ အသတ်နိုင်ဆုံး"
