ကလေးယူဖို့ကို အသည်းအသန် လောနေပေမယ့် ဟန်ဘင်းတို့ ကံကြမ္မာပေးတဲ့ အချိန်ထိ စောင့်နေခဲ့ရတယ်။
မက်သရူးကတော့ လတိုင်း ဆီးစစ်တံလေးကိုကိုင်ကာ
"သားကလည်း နည်းနည်း စောလာပေးလို့မရဘူးလား မသိဘူးနော်"
လို့ ညည်းညည်း ညူညူ ပြောရှာတယ်။
"မသိဘူးလေ။ မက်သရူး သားကို မြန်မြန်တွေ့ချင်နေလို့ ကိုကိုလည်း အားတက်တရော...."
"ချီးပဲ ကိုကို ချီးပဲ"
စိတ်ပြေအောင် ဟန်ဘင်းက စလိုက်တာပေမယ့် မက်သရူးပါးက ခရမ်းချဉ်သီးအမှည့်လို ချက်ချင်း ရဲလာတာမို့
"အာ ဆရာ၀န်တွေကလည်း နှစ်ယောက်လုံး အခြေအနေကောင်းတယ်ပြောထားတာပဲ။ မက်သရူးက အများကြီး စိတ်ဖိစီးနေရင် မကောင်းဘူးမလား"
"ဟုတ်ပေမယ့် သားက နည်းနည်းလေး စောလာရင် ကောင်းမှာကို...."
Time Travel ရဲ့ အကျိုးဆက်ကြောင့် မက်သရူးက မမြင်ရသေးတဲ့ သားအပေါ်မှာ မေတ္တာတွေ အပြည့်ပါလာခဲ့ပုံပင်။ ဟန်ဘင်းလည်း သားအတွက် အချစ်တွေရှိပေမယ့် ၀မ်းနဲ့ လွယ်မွေးမယ့် အဖေလောက် မပိုနိုင်တာများလား။
တစ်လ
နှစ်လနဲ့ မက်သရူးက ဆီစစ်တံကိုင်ပြီး ထွက်လာရပေမယ့် ခုတော့။"ကိုကိုရေ့ ကိုကို"
ရေချိုးခန်းထဲကန မက်သရူး ကုန်းအော်နေကတည်းက ဟန်ဘင်းသိလိုက်ပြီ။ ရင်ထဲမှာ သိမ်ခနဲ့ ဖြစ်သွားတဲ့ ကြည်နူးမှု့မျိုး ဘယ်တုန်းကမှ မခံစားဖူးခဲ့။
မက်သရူး အဖြေပေးတုန်းက ပျော်ရသလိုမျိူးလည်း မဟုတ်။
စာမေးပွဲတွေ အောင်ခဲ့တုန်းက ပျော်ရသလိုမျိုးလည်း မဟုတ်။
လိုချင်တာ ရတာချင်းတူပေမယ့် အခုရတဲ့ ပျော်ရွှင်မှု့မျိုးတော့ မရခဲ့။မက်သရူးမှာ ကိုယ်၀န်ရှိနေပြီဆိုတဲ့ အသိနဲ့ ပျော်ရွှင်မှု့ကသာ အစစ်အမှန်လို။ အရင်က ပျော်ခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်တွေ အကုန် မှေးမှိန်တဲ့ အထိ။
ညှော်နံ့ သေးသေးလေးရတာနဲ့
"အော့"
ခနဲ ပြေးထိုးအန်တဲ့ ကိုကိုကြောင့် မက်သရူးမှာ ဗိုက်ကြီး တကားကားနဲ့ ကျောကို လိုက်ထုပေးရတယ်။
