Part -16

143 34 0
                                    

ရစ်ခီအိမ်မှာ အရက်စုသောက်ကြမလို့တဲ့။ မရဘူး အဲ့နေ့က ကိုကို သူ့ကို ချစ်ခွင့်ပန်မယ့်နေ့လေ။

မက်သရူးက မလိုက်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ကိုကိုက သွားမယ်ဆိုလို့ မက်သရူး အံ့ဩရတယ်။ ကိုကို့မှာ သူ့ကို ချစ်တယ်လို့ ပြောဖို့ အစီစဉ်များ မရှိတော့တာလား။ မက်သရူး စိတ်ညစ်နေတုန်းမှာပဲ ကိုကိုက "❤️❤️❤️" ပို့လိုက်တာမို့ မက်သရူး ပျော်သွားတယ်။ ဒါက ကိုကိုနဲ့ မက်သရူးကြားက "I love you" ဆိုတဲ့ သင်္ကေတမလား။ မက်သရူး ကို့ကို့ဆီကို အနီရောင်အသည်းသုံးလုံး ပြန်ပို့တော့ "ဘာအဓိပ္ပာယ်လဲ သိလို့လား" တဲ့။

ကိုကို့လို ငပိန်းကြီးမဟုတ်ဘူးလို့ပြန်ပြောချင်တာ မနည်းထိန်းရတယ်။ လူတိုင်းကို သူလို ဘိုးတော်ဘုရားလက်ထက်မှာ နေနေတဲ့သူမဟုတ်တာ အခုထိ မသိသေးဘူးထင်တယ်။ ကိုကိုပို့တဲ့ အဓိပ္ပာယ်ဘဲလို့ပြောတာတောင် အမယ် သူက ရှင်းပြဦးမယ်တဲ့။ အရိပ်ပြရင် အကောင်မမြင်တာမဟုတ် အကောင်ပြထားရင်တောင် ကိုကိုက အရိပ်ကို လိုက်ရှာတဲ့ဘက်က။

ကားပေါ်မှာ ကိုကိုနဲ့ အတူတူထိုင်ရအောင် ဖန်တီးပေးဖို့ ဂွန်ဝုကို ပြောထားပေမယ့် တကယ်တမ်း ကိုကိုက ဆိုင်ကယ်ကြီးနဲ့ရောက်လာတော့ မက်သရူး လုံး၀ Surprise ဖြစ်သွားရတယ်။ ကိုကိုက ဆိုင်ကယ်စီးရတာကို မကြိုက်။ သူပဲ မကြိုက်တာလားဆိုတော့ မဟုတ်။ မက်သရူးစီးရင်လည်း သဘောမကျ။ မက်သရူးနဲ့ ရစ်ခီကတော့ ထယ်ရယ်မအားတာနဲ့ ဆိုင်ကယ်ပတ်စီးတာမို့ မက်သရူးကိုကိုဆီက ခဏခဏ အဆူခံရတယ်။ ခုတော့ ကိုကိုက ဆိုင်ကယ်နဲ့ လာကြိုပေးတယ်တဲ့။ ဆိုင်ကယ်ပေါ်မှာ ကိုကို့ခါးကို ဖက်လိုက်ချင်ပေမယ့် စိတ်ထိန်းပြီး ခါးကို ကိုင်စီးလိုက်တယ်။ ပျော်ပေမယ့် တကယ်ဆို ဒီနေ့က ကိုကိုက မက်သရူးကို ချစ်ခွင့်ပန်ရမယ့်နေမလား။ ဘာမှ မဖြစ်သလို ကျော်လိုက်မှာကို ကြောက်တယ်။ ကိုကို့ကို မက်သရူး မမှန်းရဲ။ Time Travel လုပ်ပြီးတောင် မက်သရူးနဲ့ မတွေ့ရဖို့ ရှောင်ခဲ့တာမလား။ ကိုကို ဘာတွေ တွေးနေလဲဆိုတာ မက်သရူ လုံး၀ မမှန်းနိုင်။

ကိုကိုက ဆိုင်ကယ်ကို ဗြုန်းခနဲကြီး ရပ်လိုက်တော့ မက်သရူး လန့်သွားတယ်။ ဘာများဖြစ်လို့လဲဆိုပြီး။ ပြီးမှ ကိုကိုက သူ့ကို ချစ်ခွင့်ပန်ခဲ့တာ။ ပျော်တာကို ထိန်းရင် ကိုကို့ကို အဖြေပြန်ပေးရတယ်။ နှစ်ကြိမ်မြောက်ဆိုပေမယ့် ရင်ခုန်ရတုန်းပင်။ ဒီတစ်ခါတော့ ကိုကိုက မက်သရူးကို ကဲကဲသည်းသည်း ချစ်ပေးတာမို့ မက်သရူးပျော်ရတယ်။

TimeWhere stories live. Discover now