ထယ်ရယ် ကဖေးဆိုင် ဖွင့်မယ့်ရက်ပဲ။
သူပြင်လိုက်တဲ့ Time Travel တစ်ခုမှာ မက်ချူး ထယ်ရယ် ကဖေးကို လာခဲ့တယ်။
ဟန်ဘင်း တနေကုန် ထယ်ရယ်ကဖေးမှာ စောင့်နေခဲ့ပေမယ့် မက်ချူးက ပေါ်မလာပါ။ အတော်လေး နောက်ကျမှ ဂွန်ဝုရောက်လာတော့
"ဂွန်ဝု မက်ချူးနဲ့ အတူတူ...."
"အစ်ကိုမက်သရူးက ကျွန်တော်တို့ အကုန်လုံးကို အဆက်အသွယ်ဖြတ်ထားတာလေ "
"အင်း...."
"အစ်ကို ဟန်ဘင်းတို့ ဂျယ်ဂျူက ပြန်လာပြီးကတည်းက အစ်ကိုမက်သရူးက လုံး၀မဆက်သွယ်တော့တာပဲလေ"
"အင်း..."
"အစ်ကိုဟန်ဘင်းရော Time Travel လုပ်တာတောင် ထပ်ပြီး လမ်းခွဲလိုက်ကြသေးတယ်"
ဟန်ဘင်း လန့်သွားတယ်။
"ဘယ်လို မက်ချူးက ပြောပြတာလား"
"ဟုတ် ကျွန်တော့်ကို"
"ဘယ်လိုမျိုး"
"အစတုန်းကတော့ အစ်ကိုရောဆိုတာ မသိဘူး မယုံဘူးပေါ့။ စတွေ့တွေ့ချင်းကတည်းက ကျွန်တော့်ကို တအားရင်းနှီးနေတာရယ် ပြီးတော့ ဂယူဘင်းကို...."
"ဂယူဘင်းကို ဘာကြီးလဲ"
"ရစ်ခီကနေတစ်ဆင့် ဘလိုင်းဒိတ်အတွက် အကူညီတောင်းတာက အစ်ကို မက်သရူးတဲ့။ ပုံမှန်ဆို ဘလိုင်းဒိတ်လုပ်စရာမှ အကြောင်းမရှိတာ ပြီးတော့....."
"ပြီးတော့ရော"
ဟန်ဘင်း မသိခဲ့။
"ပြီးတော့...."
ထပ်ပြီး ရှိနေသေးတာလား။
"အစ်ကိုမက်သရူးက အစ်ကိုဂျီ၀န်းနဲ့ ကျွန်တော်ရယ် အတူတူရှိနေချိန်မှာ"
"----"
"ထားပါ အစ်ကို့ကို ပြန်တွေ့ရဖို့ Time Travel လုပ်ခဲ့တယ်ဆိုတာ သိတယ်"
"အစ်ကိုဂျီ၀န်းကိုရောလား"
"အင်း ကျွန်တော်တို့ပဲ....။ လုံး၀မပြောဖို့ ကတိတောင်းထားလို့ ဆောရီး"
တဲ့ ဟန်ဘင်းမှာ မျက်ရည်ဖြိုင်ဖြိုင်။
တိုက်ခန်းရောက်တော့ ထပ်ပြီး Time Travel လုပ်ကြည့်ခဲ့ပေမယ့် မရ။ မက်သရူး အချိန်တွေကို လုံး၀ နောက်မပြန်ချင်တော့ဘူးလား။ တကယ်ကြီး သူ့ကို မတွေ့ချင်တာ့ဘူးလားဆိုတာမျိုးတွေးလိုက်တိုင် အနာပေါ်အနာဆင့်သလို ဝေဒနာတွေပဲ တိုးရတယ်။
