ဟန်ဘင်း အိပ်ရာနိုးတော့ မက်သရူးက သူ့ရင်ခွင်ထဲကနေ မျက်နှာကို မော့ငေးနေတာမို့
"ကိုကို့ကို ဘာလို့ အဲ့လောက်ကြည့်နေတာလဲ"
"ကိုကို့ကို မကြည့်ပါဘူး။ ကျွန်တော်မွေးေန့လက်ဆောင်ကိုပဲ ကြည့်နေတာ"
"မွေးနေ့လက်ဆောင်ကို သဘောကျလား"
"လူများကြားရင် ကိုကို အရမ်းအနစ်နာခံပြီး ကျွန်တော်ပျော်ဖို့ပဲ ပေးရတဲ့ လက်ဆောင်ကြီး ကျနေတယ်နော်"
"မက်ချူးက မွေးနေ့လက်ဆောင်ကို သဘောမကျဘူးလား"
"မကျပါဘူး"
"အိုခေ။ အာ့ဆို သဘောကျသွားအောင် ထပ်ပြီး......"
ဟန်ဘင်း နမ်းလိုက်တော့ မက်သရူးဆီက တုန့်ပြန်အနမ်းတွေ ပြန်ရနေတာမို့
"သဘောမကျဘူးဆို"
"ချီးပဲ ကိုကို"
"ဟင် အဲ့လို စကားတွေ ဘယ်က သင်လာတာလဲ"
"ထယ်ရယ်ဆီက"
ဟာ ဒီဂင်ထယ်ရယ်ကတော့။ ငါ့ကလေးလေး ခုထိ ကိုရီးယားစကားတွေ ကောင်းကောင်းမသိတာကို ဘာတွေလျှောက်သင်ပေးနေတာလဲ မသိဘူး။
"နောက်မပြောတော့ဘူး"
"အဲ့ဒိ့ချီးပဲ တစ်လုံးပဲ သိတာလား"
"အင်း အာ့တောင် အသံထွက်က မတအားမိုက်လို့ သင်ထားတာ"
"ကိုကိုသင်ပေးမယ်"
ဟန်ဘင်းက ရှေ့က တစ်ခွန်းသင်ပေးရင် ကြိုးကြိုးစားစား လိုက်သင်နေတဲ့အပြင် စကားမပီနေတဲ့ ကောင်လေးကို အူယားတာနဲ့ ရှိသမျှ အဆဲတွေ သင်ပေးရင်းနဲ့ သတိဝင်လာကာ
"ဆော့မက်သရူး မွေးနေ့ကြီးမှာ မဟုတ်တာတွေ အကုန်လုပ်တယ်နော်"
"ကိုကို ဘယ်လို ခွေးစကားတွေပြောနေတာလဲ"
"ဟာ ကိုကို့ကို အခုဆဲလိုက်တာလား"
"အဲ့လို ပြောရတာဟုတ်လားလို့ မေးတာ"
"ဆော့မက်သရူး..."
"ကျွန်တော် အပြင်မှာ ပြောလို့မဖြစ်တဲ့ စကားတွေ ပြောလို့ လူတွေက ထူးဆန်းသလိုကြည့်ရင် ကိုကို သင်ပေးတာပါဆိုပြီး ပြောမှာ"