တကယ်တော့ ထယ်ရယ်က ကျောင်းမပြီးသေးဘဲ ကျောင်းနားမှာ ကဖေးဆိုင်ဖွင့်ခြင်းပင်။ မက်သရူးနဲ့ ထယ်ရယ်က တစ်နှစ်တည်းမို့ မက်သရူးရော ဘာတွေ ပြောင်းလဲသွားလဲ သိချင်လိုက်တာ။
ဟန်ဘင်း ရောက်သွားတော့ မက်သရူးနဲ့ ဂွန်ဝုလည်း ရောက်နေပြီ။ ဟန်ဘင်း၀င်လာတာနဲ့ မက်သရူးဆီက အကြည့်စူးစူးတစ်ချက်။ ဘာခံစားချက်မှ မရှိတဲ့ အကြည့်တွေ။ ဟင့်အင်း မသေချာ ဒါပေမယ့် မက်သရူး သူ့ကို အေးအေးစက်စက်ကြီး ဆက်ဆံနေတာကတော့ သေချာတယ်။
ထယ်ရယ်က
"အိုခေ ဘာသောက်မလဲ"
"Mint chocolate ice cream"
"အာ သွားတိုက်ဆေးအရသာကြီးကို အစ်ကိုကလည်း "
"အင် ဂွန်ဝုက ကြိုက်တာမှာလေ Mint chocolate နှစ်ခုပေး ဟျောင့်"
ဟန်ဘင်း ငြိမ်နေလိုက်တယ်။ မှာထားတာတွေ ရောက်လာတော့ ဆော့မက်သရူးက Mint chocolate ice cream ကို တစ်ဖက်တစ်ချက်ကိုင်စားလိုက်တာမို့ ဟန်ဘင်းအံ့ဩသွားတယ်။
"တစ်ခုက အစ်ကို ဟန်ဘင်းဖို့မဟုတ်ဘူးလား"
"ဟင့်အင်း မဟုတ်ပါဘူး အစကတည်းက ငါ နှစ်ခုစားမလို့"
ဂျစ်တစ်တစ်ပြောနေတယ်လို့ ဟန်ဘင်း ခံစားနေရတယ်။ ပြီးတော့ ဒေါသထွက်လာတယ်။ တကယ်ဆို Mint chocolate ကို သူလည်း ကြိုက်တာသိရဲ့နဲ့။
နေပါဦး အတိတ်ကို ပြင်လိုက်တဲ့ အကျိုးများလား။ ဆော့မက်သရူးကို ကြည့်လိုက်တော့ Mint chocolate ကို တမင်စားပြနေသလိုပင်။ စိတ်ထင်တာများလား။ အတိတ်ကို ပြောင်းလိုက်လို့ မက်သရူးဆီမှာ သူ့အတွက် ဘာစိတ်ခံစားချက်များ ရှိမနေတော့တာလား။ ဟန်ဘင်း ဒေါသရော မခံချင်စိတ်ရောက ကလိကလိ။
ဟန်ဘင်း နာရီရခဲ့တဲ့ သိပ္ပံစာကြည့်တိုက်ကို သွားလိုက်တော့ သူ့ကို နာရီပေးတဲ့ သိပ္ပံ စာကြည့်တိုက်မှုးက အခန့်သား။
"Time Travel ကို နောက်တစ်ခါ ပြန်လုပ်ချင်တယ်"
"အစကတည်းက တစ်ခါပဲ ရမှာလို့ ပြောပြီးသားပဲ"
"ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် ကျွန်တော် နောက်တစ်ခေါက်လုပ်ချင်တယ်"
